~~~ရီညိုရစ်ဝန်း သန္တာကျွန်း အလှသရဖူ မြို့ကျောက်ဖြူ နတ်ရွာသဖွယ် ကျောက်ဖြူမြီ~~~မှလှိုက်လှိုက်လှဲလှဲနန့်ကြိုဆိုပါရေ။
ရင်သွီးချေ ဘလော့ကိုရောက်လာ များသူငါ ကျန်းမာကိုယ်စိတ် မြဲပါစီ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝီး ငြိမ်းအီးကတ်ပါစီ။

Tuesday, June 29, 2010

လက်တန်းစာဆို (သို့မဟုတ်) သိုက်ဖော်ဆရာ

ကျွန်တော်ရို့ကျောက်ဖြူမြို့ဝန်းကျင်ဟိ ကျေးလက်တောရွာတွင် လူပုဂ္ဂိုလ် သို့မဟုတ် အကြောင်းအရာတခုကို မြင်လျှင်မြင်ချင်း ကဗျာ၊လင်္ကာ၊ သံပေါက် စသည်ကဲ့သို့ လက်တန်ကဗျာလိုလို သံပေါက်လိုလို တင်္ခဏုပ္ပတ္တိဉာဏ်နှင့်စာချိုးတတ်သူ တချို့ဟိသည်။ ဤသည်ကို ဒေသအခေါ် “သိုက်ဖော်သည်“ဟုလည်းပြောကြသည်။ နောင်ဖြစ်လာဖို့ အကြောင်းကို စပ်ဆိုတတ်သဖြင့် အတိတ်နမိတ်ရို့လည်း ပါလီရာ သိုက်ဖော်သည်ဟုဆိုခြင်းမှာ မမှားပါ။ ရခိုင်ရာဇဝင်၌ သီရိသုဓမ္မရာဇာလက်ထက် “သိုက်တတ်င/လက်ရုံး”အမတ်ကြီးမှာ တဘောင်၊ တြင်း၊စနည်းနာခြင်း၊ ကြားမြင်သမျှကို အဓိပ္ပါယ်ကောက်ဖော်ပြခြင်း၌ နာမည်ကြီး အမတ်ဖြစ်လီသည်။

ဆက်ဖတ်ပါနှ~~

Wednesday, June 23, 2010

အံ့ဖွယ်သာမော ကံ့ကော်တောဘုရားသမိုင်း အပိုင်း(၁)


ကျောက်ဖြူမြို့ စတင်တည်ထောင်ခြင်း သမိုင်အကျဉ်းချုပ်

ဤတန်းခိုးကြီး ကံ့ကော်တော ရှေးဟောင်းဘုရား ရုပ်ပွားတော်များသမိုင်းအကြောင်းကို ရေးသားပြုစုရာတွင် ကံ့ကော်တောဘုရားဟိ ဂုံးချွန်ကျေးရွာနှင့် ရီမြီဒေသ အလုံးစုံ ဆက်စပ်သက်ဆိုင်လျှက် ဟိနိန်ရေ ဤကျောက်ဖြူမြို့အကြောင်းအရာများကိုလည်း ဗဟုသုတအဖြစ် သိမှတ်ကြစီရန် အနည်းချေမျှ ထည့်သွင်းဖော်ပြသင့်သည်ဟု ယူဆမိပါသောကြောင့် ဤမြို့စတင်တည်ပေါ်ပေါက် တည်ထောင်ခခြင်း အစကို အကျဉ်းချုံး၍ ဖော်ပြလိုက်ပါသည်။ ဤကျောက်ဖြူမြို့အကြောင်း ရေးသားရသည်နှင့်တပြိုင်နက် သက်ဆိုင်ဆက်စပ်လျှက် ဟိလီသော ရခိုင်ပြည်နှင့် ရမ်းဗြဲကျွန်းရို့၏ ရှေးလွန်းလီပြီးသော သမိုင်းအကြောင်းအရာများမှာလည်း ရောယှက် ဆက်နွယ်၍ ပါလာပါသည်။

ဆက်ဖတ်ပါနှ~~

Tuesday, June 22, 2010

ထာဝရ

မင်းကစွန့်ခွာ
ခွဲလားပါလည်း
အပြစ်မမြင်
ကိုယ့်ရင်မှာကား
ချစ်ခင်အမြဲ
ချစ်နိန်ဆဲပါ။

ဆက်ဖတ်ပါနှ~~

Saturday, June 19, 2010

နှလုံးသားတံခါး

နှလုံးသားတံခါး

သော့ခတ်ထားလည်း

ရင်ခုန်ဖို့တတ်

ခံစားတတ်ကေ

လွမ်းဆွေးဖို့တတ်

ချစ်လာတတ်ကေ

တံခါးဆိုစွာ

ပွင့်မြဲပါ။

............

ဆက်ဖတ်ပါနှ~~

Wednesday, June 16, 2010

ရည်မှန်းချက်

ဘုရားဖူးဇောင် ဦးရာဇ်တောင်ကို
ဖြစ်အောင်လားမေ စိတ်ကရည်လည်း
အချစ်ကိစ္စ အဝဝနန့်
ဘဝမဏ္ဍိုင် မကြံ့ခိုင်၍
မရောက်နိုင်စွာ ကြခဗျာယ်။

ဒေနှစ်ဒေခါ ဒေပွဲတော်ကို
ကိုယ့်နန့်တကွ မောင်ချစ်မေရို့
သက်ကားခန္ဓာ ကျန်းမာပါက
ဗုဒ္ဓအမွီ ဦးရာဇ်မြီကို
လောင်းလှီတစင်း တက်ချေငှါး၍
ကိုယ့်ကားပဲ့ထိုင် ဦးထိုင်အချစ်
လှော်တက်ညီစွာ ရောက်အောင်လာမေ
ကိုယ့်ရည်မှန်းချက် ပြည့်ပါစီ။

ဆက်ဖတ်ပါနှ~~

Monday, June 14, 2010

ရမ်းဗြဲကျွန်းက ချစ်ခွန်းတီတာ တေးကဗျာ

ကျားဆို-
တခွန်းခေါ် ခေါ်လို့မထူး
နှစ်ခွန်းခေါ် ခေါ်လို့မထူး
တစ်ရွာနိန် တစ်ပြည်သားကို စိတ်ခြားလို့လား
မချစ်ဆို မလိုလို့လား.......ပုချေ။

မဆို-
ဇာဂလာကေ
ဇာရွာရေသား -ရောင်
စကားအရာ..
ပျားသကာ..
ချိုပါရေကား..
ပျိုသက်ထားလေ...။

ကျားဆို-
မောင့်လက်ကို ကိုင်လေ
မေ့လက်ကိုဆွဲ
ငွေတူပင်မှာ
ရွှေတူရိုက်ယောင်
ရိုက်ပစ်ကတ်မေ ပုချေ...။

ဆက်ဖတ်ပါနှ~~

Tuesday, May 18, 2010

ကျောက်တစ်လုံးဘုရားသမိုင်းအကျဉ်း

ရခိုင်ပြည် ၊ကျောက်ဖြူဖြို့
ကျောက်တစ်လုံးဘုရားသမိုင်းအကျဉ်း

နိဒါန်း

ဒုတိယ မြောက်ဦးရွှေပြည်မြို့တည် နန်းတည်ဘစောသိရီငယ်မည်သော သီရိသူရိယုစန္ဒာ (မဟာရာဇာဘွဲ.ခံမင်းဗာကြီးမင်း ) သည် သကရဇ် (၈၉၈ ) ခုနှစ် မှာကျောက်ဖြူကျွန်းဦး ဘီလူးဆောင်ကြောင့်ထိုင် လတ္တံ ဆိုရေအတိတ်နန့် အညီနန်းတက် အထိမ်း အမှတ် ဂူဘုရားကိုးဆူး အပါ အ၀င် တည်ထားကိုးကွယ်ခပါရေ ။ ယင်း ဘုရားကိုးဆူမှာ မြောက်ဦးမြို.နယ်က သိမ်တော်ဘုရား၊ ရွှေဂူကြီးဘုရား၊ ရသေ့တောင်မြို.နယ်ကဂူတောင်ဘုရား၊ ဇီးကိုင်းဘုရား၊ ပုဏ္ဍားကျွန်းမြို.နယ်က ဂူဝဘုရား ၊ပေါက်တော်မြို့နယ်က ကြိမ်ခွေဘုရား၊တော်ညိုဘုရား၊ နတ်တောင်ကြိုင်ဘုရား နန့် ကျောက်ဖြူမြို. ကျက်သရေဆောင် ကျောက်တစ်လုံးဘုရားတိဖြိုက်ပါသည်။ကျောက်တစ်လုံး ဘုရားတည်စော် မှာမင်းဗာကြီးကုသိုလ်မပြုခင်ီကဂူပေါက်တခုဟိခပါရင့်။

ဆက်ဖတ်ပါနှ~~

About This Blog

ကျောက်ဖြူမြို့ကို သတိရရေအခါတိုင်းမှာ အလွမ်းပြေအဖြစ် စာချေယက်ချေ ရွီးဖို့လို့ ရည်ရွယ်ချက်နန့် အေဘလော့ချေကို လုပ်ထားခြင်းဖြစ်ပါရေ။


ကျောက်ဖြူ-ရင်သွီးချေ

ဘလော့ကို ရောက်လာကတ်တေ ညီအစ်ကို မောင်နှမတိကို ကျောက်ဖြူ-ရင်သွီးချေ အနီနန့် အထူးကျေးဇူးတင်ပါကြောင်း ~~~~ လေးစားစွာဖြင့် ကျောက်ဖြူ-ရင်သွီးချေ

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP