~~~ရီညိုရစ်ဝန်း သန္တာကျွန်း အလှသရဖူ မြို့ကျောက်ဖြူ နတ်ရွာသဖွယ် ကျောက်ဖြူမြီ~~~မှလှိုက်လှိုက်လှဲလှဲနန့်ကြိုဆိုပါရေ။
ရင်သွီးချေ ဘလော့ကိုရောက်လာ များသူငါ ကျန်းမာကိုယ်စိတ် မြဲပါစီ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝီး ငြိမ်းအီးကတ်ပါစီ။

Showing posts with label သတင်းအစအနချေတိ. Show all posts
Showing posts with label သတင်းအစအနချေတိ. Show all posts

Sunday, December 20, 2009

ထူးထူးဆန်းဆန်း ဘုရားတကာ တဦး သေပြီးနောက် ဇီးကွက် ဘ၀ဖြင့် အိမ်လာလည်

12/20/2009

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်း တောင်တန်းနယ် ဘင်ဒရိုင်ဘင် ခရိုင် အင်းသုံးဆယ် ကျေးရွာတွင် ကျောင်းတကာတဦး သေဆုံးပြီးနောက် ဇီးကွက် (ဒေသအခေါ် ခေါင်တောက်) ဖြစ်သွားပြီး သူအား ရက်လည်ဆွမ်း ကုသိုလ် ကောင်းမူ ပြုလုပ်ရာသို့ လာရောက်လည် ပတ်သွားခဲ့သည်ဟု အဆိုပါ ကျေးရွာမှ ကျောင်းထိုင်ဆရာတော်က ပြောသည်။

“တော်တော်ကို ထူးဆန်းတဲ့ ဖြစ်ရပ်ပါ။ ရိုက်ယူထားလိုက်တဲ့ ဓါတ်ပုံတွေက ထူးဆန်းတဲ့ ဖြစ်ရပ်အတွက် သက်သေ အထောက်အထားတွေဘဲ ဖြစ်ပါတယ်။ သူတို့မိသားစုက ရက်လည် ဆွမ်းကျွေးတော့ ကျောင်းတကာကြီးက ဇီးကွက်ဘ၀နဲ့ ဘုန်းတော်ကြီးကျောင်းကို လာတယ်။ သူလှူဒါန်းထားခဲ့တဲ့ ကျောင်းက တိုင်မှ စနားတယ်။ ပီးရင် သူလှူဒါန်းထားခဲ့တဲ့ နာရီမှာနားတယ်။ နောက်ပီး သူလှူဒါန်းထားခဲ့တဲ့ လေပင်ကာပေါ်မှာ နားတယ်။ အဲဒီက ပျံသွားတယ်။ နောက်ဆုံး သူလှူဒါန်းထားခဲ့တဲ့ အုတ်နံရံပေါ်မှာ လာနားတယ်။ အဲသလို နားနေတဲ့ အချိန်က ကောင်းမူ စလုပ်တဲ့ ညနေ ၆ က စနားနေတာ ၂၄ နာရီပြည့်ပြီး နောက်တနေ့ညနေ ၆ နာရီမှ ပျံသွားတယ်၊ ပျံသွားတော့လည်း သူနေအိမ်ကို တန်းပြန်သွားတယ်။ သူ့အိမ်မှာ ၄ နာရီလောက်နေတယ်။ နောက်တော့ ဘယ်ပျံသွားမှန်း မသိဘူး။ ပျောက်သွားခဲ့ပါတယ်။”

~~ဆက်ဖတ်ပါနှ~~

ဆက်ဖတ်ပါနှ~~

About This Blog

ကျောက်ဖြူမြို့ကို သတိရရေအခါတိုင်းမှာ အလွမ်းပြေအဖြစ် စာချေယက်ချေ ရွီးဖို့လို့ ရည်ရွယ်ချက်နန့် အေဘလော့ချေကို လုပ်ထားခြင်းဖြစ်ပါရေ။


ကျောက်ဖြူ-ရင်သွီးချေ

ဘလော့ကို ရောက်လာကတ်တေ ညီအစ်ကို မောင်နှမတိကို ကျောက်ဖြူ-ရင်သွီးချေ အနီနန့် အထူးကျေးဇူးတင်ပါကြောင်း ~~~~ လေးစားစွာဖြင့် ကျောက်ဖြူ-ရင်သွီးချေ

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP