~~~ရီညိုရစ်ဝန်း သန္တာကျွန်း အလှသရဖူ မြို့ကျောက်ဖြူ နတ်ရွာသဖွယ် ကျောက်ဖြူမြီ~~~မှလှိုက်လှိုက်လှဲလှဲနန့်ကြိုဆိုပါရေ။
ရင်သွီးချေ ဘလော့ကိုရောက်လာ များသူငါ ကျန်းမာကိုယ်စိတ် မြဲပါစီ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝီး ငြိမ်းအီးကတ်ပါစီ။

Tuesday, June 29, 2010

လက်တန်းစာဆို (သို့မဟုတ်) သိုက်ဖော်ဆရာ

ကျွန်တော်ရို့ကျောက်ဖြူမြို့ဝန်းကျင်ဟိ ကျေးလက်တောရွာတွင် လူပုဂ္ဂိုလ် သို့မဟုတ် အကြောင်းအရာတခုကို မြင်လျှင်မြင်ချင်း ကဗျာ၊လင်္ကာ၊ သံပေါက် စသည်ကဲ့သို့ လက်တန်ကဗျာလိုလို သံပေါက်လိုလို တင်္ခဏုပ္ပတ္တိဉာဏ်နှင့်စာချိုးတတ်သူ တချို့ဟိသည်။ ဤသည်ကို ဒေသအခေါ် “သိုက်ဖော်သည်“ဟုလည်းပြောကြသည်။ နောင်ဖြစ်လာဖို့ အကြောင်းကို စပ်ဆိုတတ်သဖြင့် အတိတ်နမိတ်ရို့လည်း ပါလီရာ သိုက်ဖော်သည်ဟုဆိုခြင်းမှာ မမှားပါ။ ရခိုင်ရာဇဝင်၌ သီရိသုဓမ္မရာဇာလက်ထက် “သိုက်တတ်င/လက်ရုံး”အမတ်ကြီးမှာ တဘောင်၊ တြင်း၊စနည်းနာခြင်း၊ ကြားမြင်သမျှကို အဓိပ္ပါယ်ကောက်ဖော်ပြခြင်း၌ နာမည်ကြီး အမတ်ဖြစ်လီသည်။

ကျွန်တော်ရို့အငယ်ချေခါက ကျွန်တော်ရို့ရွာအနီးအနားတွင် ထိုသို့သော ပုဂ္ဂိုလ်တဦးပေါ်ဖူးသည်။ ကျောက်ဖြူမြို့မှ ရနံတောင်(ရေနံတောင်)၊ မင်းပြင်ဖက်လားလျှင် ကုလားဘာရွာ၏ အရှေ့ဖက်တွင် “အူချေ” ဟူသောအရပ်၌ သူသည် ဥယျဉ်ခြံမြီလုပ်ကာ မိသားစုနှင့် နိန်သူဖြစ်သည်။ သူ့နာမည်မှာ “ကြွင်းကျန်အောင်” ဖြစ်သည်။ “ပညတ်လားရာ ဓာတ်သက်ပါ”ဆိုရေပိုင် သူ့အမည်ကိုကြားလိုက်သည်နှင့် ဤသူသည် သူ၏ညီအစ်ကို မောင်နှမထဲတွင် ကြွင်းကျန်ခသူတယောက်ဖြစ်ကြောင်း ထင်ရှားလီသည်။ သားသမီးအဖတ်မတင်တတ်သော မိဖတိက သူ့ကိုအကြွင်းအကျန်အဖြစ် “ကြွင်းကျန်အောင်”ဟု နာမည်ပီးခသည်။ အမှန်လည်းသူသည် မသီမပျောက်ဘဲ ကြွင်းကျန်ခ၏။

ကျွန်တော် သူ့ကိုမြင်ဖူးချိန်မှာ သူသည် အသက်(၅၀)နီးပါးဟိနိန်ယာ။ လူကြီးတိက သူ့ကိုလျှာစက်၊အာစက်ပါသူဟုပြောကြသည်။ သူ့လျှာအလယ်တွင် အမည်းစက်ပါသည်။ ထိုကြောင့် သူပြောလိုက်လျှင် မကြာခင် သူပြောရေအတိုင်းဖြစ်တေလို့ပြောကြသည်။

တနိန့်၌ သူသည် ရနံတောင်(ရေနံတောင်)၌ ရနံ(ရေနံ)တွင်းတူးနိန်သူ တဦးအနားက ဖြတ်လားယင်း ရနံ(ရေနံ)တူးနိန်သူကို “လက်တောင် အတော်နက်ယာလား” ဟုမိန်း၏။ ရနံ(ရေနံ)တွင်း တူးနိန်သူက “လက်တောင် တရာနက်ယာ” လို့ပြန်ဖြေလိုက်၏။ ထိုအခါ သူက “လက်တောင်တရာ တအာဒါ” ဟု လွှတ်ခနဲပြောထားခသည်ဆို၏။ ထိုရနံ(ရေနံ)တွင်းမှာ လိုရာလောက်နက်အောင် တူးတူး တနိန့်လျှင် ရနံ(ရေနံ)ဆီ တအာဒါသာရသည် ဆို၏။ (တအာဒါမှာ တပလင်း(တပုလင်း)၏ တဝက်ဖြစ်သည်။)

ထိုရနံ(ရေနံ)တောင်၌ပင်ဖြစ်သည်။ “ကြိမ်ခါးပိန်ကုန်းတန်း” အစုတွင်နိန်သော ဒေါ်အောင်မဖြူမှာ ရနံ(ရေနံ)တွင်းပိုင်သျှင်ဖြစ်သည်။ ညည့်ကျကေ သူ့ရနံ(ရေနံ)တွင်းက ရနံဆီ(ရေနံဆီ)တိကို လူခိုးခံနိန်ရသဖြင့် “တန်းထားဦး”ရွာက “အပု”မည်သော သူတော်ကို ညည့်အိပ်ညည့်နိန် အစောင့်ခိုင်းထားသည်။ ထိုအပုသူတော်လည်း ရနံတွင်း(ရေနံတွင်ူ)စောင့်ယင်း တောထဲက ရနံ(ရေနံ)တွင်းမှာ ညည့်တိုင်းအိပ်သည်။ ဤအပုမည်သော ဦးသူတော်မှာ ရနံတွင်း(ရေနံတွင်း)အငှါးစောင့်သည်ဆိုကတည်းကပင် ဦးသူတော်ကျင့်ဝတ်နှင့် ညီသူမဟုတ်ချေ။ ညဇာဖက်လည်း ထမင်းချက်ချင် ချက်စားသည်။

ကြွင်းကျန်အောင်နှင့် သူတော်အပုရို့ဇာကစလို့ ဇာပိုင် ကတောက်ကဆ ဖြစ်ကြသည်မသိ။ ကြွင်းကျန်အောင် သူတော်အပုကို လက်ညှိုးထိုးပြီး-

“တန်းထားဦးက အပုသူတော်၊ အောင်မဖြူမှာ ဆီစောင့်ခေါ်၊ သူတော်လမိုက်၊ သိုင်းခေါင်း(သန်းခေါင်း)လောက်မှာ ကျားကြီးလိုက်” ဟု သိုက်ဖော်ထားခသည်ဆို၏။ အမှန်ပင်ဟုတ်၏။ သုံးရက်ပင်မကြာ ရနံ(ရေနံ)မြီသို့ တစ်ခါမှ မရောက်လာဖူးသော ကျားကြီးတကောင် ရောက်လာပြီး ဟိန်းဟောက်နီသောအခါ သူတော်အပုလည်း ကြောက်ပြီးကေ ညည့်ချင်းပင် ရွာကိုဆင်းပြီးလာသည်။ နောက်လည်း ရနံ(ရေနံ)တွင်း မစောင့်ဝံ့ယာ။

ရနံ(ရေနံ)တွင်းပိုင်သျှင် ဒေါ်အောင်မဖြူတွင် မောင်ဘထွန်းဟူသော သားတယောက်ဟိသည်။ တစ်နိန့်တွင် ကြွင်းကျန်အောင်က-

“ကြိမ်ခါးပန်ကုန်းတန်း မောင်ဘထွန်း၊ ဆီးလမ်းမဖြောင့် ဝမ်းကြောင့်ကြောင့်၊ အမိဖြစ်သူ အောင်မြဖြူ၊ လူကိုမြင်ယင်း ငိုပြယင်း” ဟုသေိုက်ဖော်ပြန်သည်။

အမှန်ပင် မောင်ဘထွန်းဆိုသူမှာ ဝမ်းခဲ၊ ဝမ်းနာ ရောဂါရသည်။ လနှင့်ချီ၍ရောဂါဖြစ်နေသဖြင့် ဆွီမျိုးဉာတိများက သတင်းလာမိန်းကြရာ သူ့သားကြီးကို အလွန်ချစ်သော ဒေါ်အောင်မဖြူမှာ သူ့သားရောဂါကို ဇာဆရာ၊ ဇာဆီးရို့နှင့် ကုသပြီးယာ၊ အဂုထိမပျောက်သိမ့်သည်ကို လူနာမိန်းလာသူတိုင်းအား ငိုပနာပြောပြတတ်သည်ဆို၏။

မိုးဦးကျတနိန့်၌လည်း ကြွင်းကျန်အောင်သည် သူ့ဥယျာည်ဟိရာသို့ လာရာ တောင်ထက်တွင် သမီးယောက်ဖ တော်သူကိုမြင်သဖြင့် ...

“အဝိုင်း..ယောက်ဖ၊ တောင်ထက်မှာ အစော်လုပ်နိန်ရောင်” ဟုလှမ်းပြော၏။ ထိုအခါ တောင်ထက်က လူက “အိုင်း...လဝိုင် ဟာလူ၊ တခြားအလုပ်မမြင်လို့ တောင်မှာ နပျိုးပင်စိုက် နိန်ရေဝိုင်း” ဟု လှမ်းပြော၏။ ထိုအခါကြွင်းကျန်အောင်က-

“အလုပ်မမြင် အပျိုးပင်၊ တောင်မှာ တင်စိုက်၊ ရင်းပိုးကိုက်လိမ့်မည်” ဟုဆိုထားခသည်။ သူဆိုထားခသည်အတိုင်း တောင်ထက်တွင် တင်စိုက်ထားသော နပျိုးပင်သုံးလေးဆယ်မှာ တပင်မကျန်ရင်ပိုးကိုက်သဖြင့် နပျိုသီးတခိုင်လည်း မစားလိုက်ရသဖြင့် တဆဲတည်းဆဲနိန်ရေလို့ ကြားရသည်။

ဤသို့ ကြွင်းကျန်အောင် ပြောတိုင်းဖြစ်တတ်သည်ဟူသော စကားကြောင့် မင်းတေးတောင်ရင်းကျေးရွာဟိ လမ်းနားအိမ်တွင် နိန်ထိုင်သူ “မောင်နှံ”သည် သူ့လယ်ကညင်တေးပြင်၌ နွားကျောင်းနိန်စဉ် ကြွင်းကျန်အောင် ချောင်းဖျားရွာဖက်ကပြန်လာသည်ကို မြင်သဖြင့်....

“အစ်ကို တချက်နိန်ပါဦး” ဟုဆို၏။

ကြွင်းကန်အောင်က-

“အစော်ရောင်ဝိုင်း” ဟုပြောပြီး မောင်နှံ အနားမှာ လာရပ်သည်။ ထိုအခါ မောင်နှံက-

“ဂုပိုင်လှက် အစ်ကို၊ ကျွန်တော်နွားအုပ်က နမချေလေးငါးကောင်နှစ်တိုင်းသားကျဂေလဲ နထီးတကောင်းလည်းမပါ၊ နမ တိဂျည်းပေါက်တေ၊ ယင်းစော်ကို ကျွန်တော် နမတိ နထီးတိဂျည်းပေါက်ယောင် တချက်သိုက်ဖော်ပီးခပါလား။ အစ်ကိုသိုက်ဖော်ကေ ဖော်ရေအတိုင်း ဖြစ်တေလို့ လူတိကပြောဂတ်လို့၊ တချက် နထီးပေါက်ယောင် ဖော်ပီးခဘလတ်။”

ထိုအခါကြွင်းကျန်အောင်က-

”အိုင်းဝိုင်-ဖော်ပီးခမေ”ဟုပြောပြီး-

“လီသွင်သွင် ကညင်ဒေးမာ၊ မတေးတောင် ယောင်လို့လားကေ၊ လမ်းနားအိမ်မာ၊ မြီဆီပြန်ကေ မောင်နှံမှာကား၊ ဂနိန့်ကစလို့ နမကားပျောက်၊ နထီးပေါက်လီ၊ ပေါက်လိမေ” ဟု ပြောထားခသည်။

နောက်တနှစ်မှာ ကြွင်းကျန်အောင် သိုက်ဖော်ထားသကဲ့သို့ မောင်နှံ၏ နမလေးငါးကောင်က နွားထီးဂျည်းပေါက်ကြ၏။ သို့သော် ထိုနွားထီးတိမှာ နွားမများလောက်ပင် ကြီးထွားမှုမဟိဘဲ ပေမမှီ ဒေါက်မမှီ ဘုစုခရုတိဂျည်းဖြစ်နိန်လီရာ ရောင်းလျှင်လည်း နွားမများလောက်ပင် ဈီးမရသဖြင့် မောင်နှံမှာ ကြွင်းကျန်အောင်အား သိုက်ဖော်ခိုင်းမိသည်ကို နောင်တရမဆုံးဖြစ်နိန်လီသည်။

.................................
မှတ်ချက်။ ။ အေဆောင်းပါးကို ၂၀၀၉ ခုနှစ်မှာ ထုတ်ဝီခရေ “ကျောက်ဖြူမြို့တည်(၁၈၀)ပြည့်အထိမ်းအမှတ် ကျောက်ဖြူမဂ္ဂဇင်း”တွင် ဆောင်းပါးသျှင် “ဝေယံလင်းခေါင်”၏ ဆောင်းပါးကိုကူလို့ဖော်ပြအပ်ပါသည်။

ဆက်ဖတ်ပါနှ~~

Wednesday, June 23, 2010

အံ့ဖွယ်သာမော ကံ့ကော်တောဘုရားသမိုင်း အပိုင်း(၁)


ကျောက်ဖြူမြို့ စတင်တည်ထောင်ခြင်း သမိုင်အကျဉ်းချုပ်

ဤတန်းခိုးကြီး ကံ့ကော်တော ရှေးဟောင်းဘုရား ရုပ်ပွားတော်များသမိုင်းအကြောင်းကို ရေးသားပြုစုရာတွင် ကံ့ကော်တောဘုရားဟိ ဂုံးချွန်ကျေးရွာနှင့် ရီမြီဒေသ အလုံးစုံ ဆက်စပ်သက်ဆိုင်လျှက် ဟိနိန်ရေ ဤကျောက်ဖြူမြို့အကြောင်းအရာများကိုလည်း ဗဟုသုတအဖြစ် သိမှတ်ကြစီရန် အနည်းချေမျှ ထည့်သွင်းဖော်ပြသင့်သည်ဟု ယူဆမိပါသောကြောင့် ဤမြို့စတင်တည်ပေါ်ပေါက် တည်ထောင်ခခြင်း အစကို အကျဉ်းချုံး၍ ဖော်ပြလိုက်ပါသည်။ ဤကျောက်ဖြူမြို့အကြောင်း ရေးသားရသည်နှင့်တပြိုင်နက် သက်ဆိုင်ဆက်စပ်လျှက် ဟိလီသော ရခိုင်ပြည်နှင့် ရမ်းဗြဲကျွန်းရို့၏ ရှေးလွန်းလီပြီးသော သမိုင်းအကြောင်းအရာများမှာလည်း ရောယှက် ဆက်နွယ်၍ ပါလာပါသည်။

ကျောက်ဖြူမြို့သည်ကား ရခိုင်ပြည်ဟိ ရမ္မာဝတီခေါ် ရမ်းဗြဲကျွန်း၏မြောက်ဖက် ဖျားဟိ ဘင်္ဂလားပင်လယ်ကမ်းခြီအနီးတွင် ဟိနိန်ခြင်းကြောင့်ပင်ဖြစ်ပါသည်။ ရှေးရခိုင်ပြည်ကြီးတွင် ဝတီလေးရပ် အပါအဝင် တိုင်းကြီး(၁၂)တိုင်း ဟိခဖူးသည်။ ထိုတိုင်းများထဲတွင် ရမ္မာဝတီခေါ် ရမ္မပူရကျွန်းသည်လည်း တိုင်းတတိုင်းအဖြစ်ပါဝင် ခလီသည်။ ဤရမ္မာပူရကျွန်းအား နောက်တနည်းအဆိုတရပ်မှာကား ကဿပဘုရား သခင်လက်ထက်တော်အခါက တပါးသောနိန့် တနိန့်တွင် ဘုရားသခင်သည် ရဟန္တာများနှင့် ဂေါင်းဂွင်(ကောင်းကင်)စံခရီးဖြင့် ကြွတော်မူရာတွင် ရခိုင်ပြည်၏အလယ်ဗဟိုကျသော ပင်လင်ထဲတွင် ဝမ်းဘဲငှက်သဏ္ဌာန်ကဲ့သို့ ကျွန်းချေတခုထက်သို့ ဆင်းသက်ရပ်နားတော်မူပြီး၍ ဗျာဒိတ်တော်ထားခတော်မူလီရေ။ ယခုကာလရှည်လာခြင်းကြောင့် ရမ်းဗြဲကျွန်ဟူ၍ ပြောင်းရွှေ့ခေါ်ဆိုကြကြောင်းကို အဆိုဟိခလီသည်။

ထိုနောက် ကာလအလွန်ကြာမြင့်လာသောအခါတွင် ရခိုင်ပြည်အား မြန်မာမင်းရို့ သိမ်းပိုက်အုပ်ချုပ်ခလီသည်။ ထိုမှတဖန် ခရစ်သက္ကရာဇ် ၁၈၂၄-၂၆ ခုနှစ်တွင် အင်္ဂလိပ် မြန်မာရို့ ပထမအကြိမ်စစ်ပွဲကြီးဖြစ်ပွားရာ ရခိုင်ပြည်အား အင်္ဂလိပ်ရို့သိမ်းယူလားပါသည်။ ထိုအခါ အင်္ဂလိပ်ရို့သည် ရခိုင်ပြည်အား လေးခရိုင်ပြုလုပ် အုပ်ချုပ်ခလီသည်။ ယင်းရို့မှာ (၁) စစ်တွေခရိုင်၊ (၂) အမ်းခရိုင်၊ (၃) ရမ်းဗြဲခရိုင်၊ (၄) သံတွဲခရိုင် များပင်ဖြစ်ပါသည်။ ခရစ်သက္ကရာဇ် ၁၈၂၉ ခုနှစ်တွင် ကျောက်ဖြူ ရခိုင်တိုင်း စစ်ဌာနချုပ် အဖြစ် ချထားပြီး တပ်မြို့သဖွယ် ပြုလုပ်ထားခကြောင်း သိရပါသည်။ ခရစ်သက္ကရာဇ် ၁၈၃၇ ခုနှစ်တွင် အမ်းခရမ်းကို ဖျက်သိမ်းလိုက်ပြီးလျှင် ကျောက်ဖြူခရိုင်အဖြစ် ပြောင်းယူအုပ်ချုပ်ခလီသည်။ ထိုနောက်တဖန် ခရစ်သက္ကရာဇ် ၁၈၅၂ ခုနှစ်တွင် ရမ်းဗြဲခရိုင်ကိုဖျက်သိမ်းပြီး အမ်းခရိုင်နှင့် ရမ်းဗြဲခရိုင်နှစ်ခုကို တခုတည်းအဖြစ် ပူးပေါင်း၍ ကျောက်ဖြူခရိုင်အဖြစ် ပြုလုပ်အုပ်ချုပ်ခသည်။

ကျောက်ဖြူမြို့ဟု ခေါ်ဝေါ်ရခြင်းမှာ လှပဖြူဖွေးသော ကျောက်စရစ်လုံးချေတိ ပေါများစွာဟိသောကြောင့် ကျောက်ဖြူမြို့ဟု အမည်ပီးခခြင်းဖြစ်ပါသည်။ ကျောက်ဖြူမြို့သည်ကား အလွန်းသာယာလှပခြင်းရို့နှင့် ပြည့်စုံပေသည်။ မြင့်သောအရပ်မှ ကြည့်လျှင် ပင်လယ်ရီပတ်လည်ဝိုင်းလျက် ဟိပါသည်။ ကံ့ကော်တောဘုရားဖက်သို့လားရန် လမ်းမျက်နှာသာလျှင် ကုန်းလမ်းဟူ၍ဟိပါသည်။ (အယင်ကျောက်ဖြူ>ရမ်းဗြဲ၊ အဂု ကျောက်ဖြူ> ရမ်ဗြဲ ကားလမ်းမကြီးဖြစ်သည်) ယကေလေ့ ပင်လယ်ရီ ပတ်လည်ဝိုင်းသကဲ့သို့ ဟိနိန်ကေလေ့ မြို့တွင်းဟိ သောက်သုံးရန်ရီများမှာကး ရီချိုတွင်းများသာဖြစ်ပါသည်။ လုံးဝငန်းခြင်း၊ နောက်ကျိခြင်း မဟိပါ။ ကြည်လင်အီးမြသန့်စင်သော ရီချို၊ ရီကောင်းများသာ ဖြစ်ပါသည်။ စားသောက်ဖွယ်ရာ ဆန်ရီစပါးများမှာလည်း မယှားမပေါ ဟိပါသည်။ အထူးသဖြင့် ပင်လယ်ငါးများ ပေါလွန်း၍ အခြားမြို့ရွာများမှာကဲ့သို့ ချိန်တွယ်ရောင်းချရန်မလိုဘဲ ပုံတိုက်ကြည့်၍၄င်း၊ ကောင်းရေအလိုက် ရွီတွက်၍၄င်း၊ ရောင်းချလေ့ဟိကြပါသည်။ ရာသီဥတုမှာလည်း မပူလွန်း၊ မအေးလွန်း ခြင်းရို့ကြောင့် ညီမျှမှုဟိပါသည်။ ပင်လယ်ကမ်းခြီမြို့ဖြစ်၍ သင်္ဘော ရီယာဉ်များ အချိန်မရွီး ဝင်ရောက်ဆိုက်ကပ်လားနိုင်သည်။ ရန်သတ္တရုနည်းပါးမှုကြောင့် အရာခပ်သိမ်း အန္တရာယ်အပေါင်းကင်းငြိမ်းခြင်းဟိပါသည်။ ထိုကြောင့်လည်း ရောက်ဖူးသူတိုင်းသည် စိတ်အီးချမ်းသာ ပျော်ရွှင်မှုဟိကြပါသည်။ ဤသည်ရို့ကြောင့်ပင် ရှေးလူကြီးများက ဤမြို့အား “ထူဆန်းသောနတ်ကျွန်းသာ” ဟူ၍သာ ခေါ်ဝေါ်ခကြပါသည်။

ကျောက်ဖြူမြို့၏ အလျား (၂)မိုင်၊ အနံ(၁)မိုင်းခွဲခန့်သာဟိပါသည်။ မြို့၏ မြီမျက်နှာပြင်မှာ တောင်ကုန်းများ၊ ချိုင့်ဝှမ်းများဟူ၍ လုံဝမဟိဘဲ စည်မျက်နှာပြင်ကဲ့သို့ ညီညာပြန့်ပြူးလျက် ဟိပါသည်။ ဤကားကျောက်ဖြူမြို့၏ သမိုင်းအကျဉ်းချုပ်ဖြစ်ပါသည်။

..................
(ဝန်ခံချက်။ ။ ရွှေဖြူ-ခင်မြတ်လှ ရှာဖွီပြုစုရေ “ အံ့ဖွယ်သာမော ကံ့ကော်တောဘုရာ သမိုင်းအကျဉ်းချုပ်” ပဉ္စမအကြိမ်၊ ၁၉၉၇ ခုနှစ် နိုဝင်လာလ ထုတ်ဝီရေ စာအုပ်မှ ကူးယူဖော်ပြအပ်ပါသည်။ ဆက်လို့ဖော်ပြပါမည်)

ဆက်ဖတ်ပါနှ~~

Tuesday, June 22, 2010

ထာဝရ

မင်းကစွန့်ခွာ
ခွဲလားပါလည်း
အပြစ်မမြင်
ကိုယ့်ရင်မှာကား
ချစ်ခင်အမြဲ
ချစ်နိန်ဆဲပါ။

ဆက်ဖတ်ပါနှ~~

Saturday, June 19, 2010

နှလုံးသားတံခါး

နှလုံးသားတံခါး

သော့ခတ်ထားလည်း

ရင်ခုန်ဖို့တတ်

ခံစားတတ်ကေ

လွမ်းဆွေးဖို့တတ်

ချစ်လာတတ်ကေ

တံခါးဆိုစွာ

ပွင့်မြဲပါ။

............

၀၉-၀၆-၂၀၁၀

၎း၀၂ am

ဆက်ဖတ်ပါနှ~~

Wednesday, June 16, 2010

ရည်မှန်းချက်

ဘုရားဖူးဇောင် ဦးရာဇ်တောင်ကို
ဖြစ်အောင်လားမေ စိတ်ကရည်လည်း
အချစ်ကိစ္စ အဝဝနန့်
ဘဝမဏ္ဍိုင် မကြံ့ခိုင်၍
မရောက်နိုင်စွာ ကြခဗျာယ်။

ဒေနှစ်ဒေခါ ဒေပွဲတော်ကို
ကိုယ့်နန့်တကွ မောင်ချစ်မေရို့
သက်ကားခန္ဓာ ကျန်းမာပါက
ဗုဒ္ဓအမွီ ဦးရာဇ်မြီကို
လောင်းလှီတစင်း တက်ချေငှါး၍
ကိုယ့်ကားပဲ့ထိုင် ဦးထိုင်အချစ်
လှော်တက်ညီစွာ ရောက်အောင်လာမေ
ကိုယ့်ရည်မှန်းချက် ပြည့်ပါစီ။
...............................
မှတ်ချက်။ ။ မဂ္ဂဇင်းစာအုပ်တအုပ်က ကူးယူဖော်ပြထားစွာပါ။ မဂ္ဂဇင်းနာမည်နန့် ကလောင်သျှင်နာမည်ကိုတော့ခါ မိန့်လားပါယာ။

ဆက်ဖတ်ပါနှ~~

Monday, June 14, 2010

ရမ်းဗြဲကျွန်းက ချစ်ခွန်းတီတာ တေးကဗျာ

ကျားဆို-
တခွန်းခေါ် ခေါ်လို့မထူး
နှစ်ခွန်းခေါ် ခေါ်လို့မထူး
တစ်ရွာနိန် တစ်ပြည်သားကို စိတ်ခြားလို့လား
မချစ်ဆို မလိုလို့လား.......ပုချေ။

မဆို-
ဇာဂလာကေ
ဇာရွာရေသား -ရောင်
စကားအရာ..
ပျားသကာ..
ချိုပါရေကား..
ပျိုသက်ထားလေ...။

ကျားဆို-
မောင့်လက်ကို ကိုင်လေ
မေ့လက်ကိုဆွဲ
ငွေတူပင်မှာ
ရွှေတူရိုက်ယောင်
ရိုက်ပစ်ကတ်မေ ပုချေ...။
မဆို-
မျက်စိကမြင် ဝမ်းကကြင်
စိတ်တွင်ကချစ်
ပုချေမောင်ကို မေတ္တာရိုက်လို့
အချစ်စွဲကာ ကြားကလူတိ
အောင်သူဖျက်လို့ ဖျက်ရဖို့လား ပုချေ....။

ကျားဆို-
ဆံစကေညို
လှနဂိုလေ
ပျိုနှမမှာ
ကိုယ့်ရပ်ရွာ ကိုယ့်ရွာထက်မှာ
လက်ဖျားတင် ကြင်သူများက
ဟိထားရေလား ပုချေ....။

မဆို-
သခြင်းဆို လူပျိုမောင်လိုင်
ကိုယ့်ရပ်ရွာ ကိုယ့်ရွာထက်မှာ
လက်ဖျားတင် ကြင်သူများက
ဟိမထားပါ ပုချေ....။

ကျားဆို-
ဒေတောခေါင် ဒေတောင်ယေကြားမှာ
စကားသာချို ဒေမေဆို ပျိုစကား
ကြားရရေခါ စိတ်ဝမ်းသာ ထဗျာက
ကြည့်ရဖို့ယာ....။

မဆို-

ဥဒေါင်းယေကြိုးကြာ သာရကာကေ
ဟင်္သာငှက်မ အခါခါ မောင့်ကိုတမ်းလို့
လွမ်းတငိုခါ မောင်ရောက်ရာ ထဗျာကလို့
ကြည့်ရဖို့ယာ.....။

................
မှတ်ချက် ။ ။ ကျောက်ဖြူမြို့တည် (၁၈၀)ပြည့်အထိမ်းအမှတ် “ကျောက်ဖြူ” ၂၀၀၉ မဂ္ဂဇင်း “ဇာနီအောင် (ရမ္မာဝတီ)” ရေးရေ “ရမ်းဗြဲကျွန်းက ချစ်ခွန်းတီတာ တေးကဗျာ” ဆောင်းပါးက ဇမ်းကဗျာတိသက်သက်ကို ထပ်ပနာတင်ပြပီးလိုက်ပါရေ။

ဆက်ဖတ်ပါနှ~~

Tuesday, May 18, 2010

ကျောက်တစ်လုံးဘုရားသမိုင်းအကျဉ်း

ရခိုင်ပြည် ၊ကျောက်ဖြူဖြို့
ကျောက်တစ်လုံးဘုရားသမိုင်းအကျဉ်း

နိဒါန်း

ဒုတိယ မြောက်ဦးရွှေပြည်မြို့တည် နန်းတည်ဘစောသိရီငယ်မည်သော သီရိသူရိယုစန္ဒာ (မဟာရာဇာဘွဲ.ခံမင်းဗာကြီးမင်း ) သည် သကရဇ် (၈၉၈ ) ခုနှစ် မှာကျောက်ဖြူကျွန်းဦး ဘီလူးဆောင်ကြောင့်ထိုင် လတ္တံ ဆိုရေအတိတ်နန့် အညီနန်းတက် အထိမ်း အမှတ် ဂူဘုရားကိုးဆူး အပါ အ၀င် တည်ထားကိုးကွယ်ခပါရေ ။ ယင်း ဘုရားကိုးဆူမှာ မြောက်ဦးမြို.နယ်က သိမ်တော်ဘုရား၊ ရွှေဂူကြီးဘုရား၊ ရသေ့တောင်မြို.နယ်ကဂူတောင်ဘုရား၊ ဇီးကိုင်းဘုရား၊ ပုဏ္ဍားကျွန်းမြို.နယ်က ဂူဝဘုရား ၊ပေါက်တော်မြို့နယ်က ကြိမ်ခွေဘုရား၊တော်ညိုဘုရား၊ နတ်တောင်ကြိုင်ဘုရား နန့် ကျောက်ဖြူမြို. ကျက်သရေဆောင် ကျောက်တစ်လုံးဘုရားတိဖြိုက်ပါသည်။ကျောက်တစ်လုံး ဘုရားတည်စော် မှာမင်းဗာကြီးကုသိုလ်မပြုခင်ီကဂူပေါက်တခုဟိခပါရင့်။ ရမ်းဗြဲကျွန်း တောင်ဘက် ကျောက်နီမော် နားက ကလိန်တောင်မြစ်ရေပြင် မှာကလိင်္ဂရာဇ်ပြည်ဟိခရေအတွက် ယင်းပြည်ပျက် က ငှက်ဆင်ပျံယဉ်စီးပြီးကေထွက်ပြေးလာရေ စိတ္တရလင်္ကာရ နန့် တပည့်တိစော် ဒေနီရာ ( ကျောက်တစ်လုံးဘုရား ) မှာ ခိတ္တဆင်းပီး ချိန်းဆိုထားရေ ကလိင်္ဂရသေ့ ကိုစောင့်ပနာဂူပေါက် တစ်ခုကိုထုထွင်းခ ပါသည်။ထိုနေရာမှာ စကေါမ၊ ဘူတာဝါမာန၊ အဂ္ဂိရစသော ဂမ္ဘီရကျမ်း တိကို မြုပ်နှံပြီး ကေ နောက်ဘက်အရပ် ကို ငှက်ဆင်ပျံစီး ထွက်ခွာ လားကတ်ပါရေ။ မင်းဗာကြီးခေတ်မတိုင်မီကာလက ဒေပထမ ဂူပေါက်မှဘုရားဆင်းတုတော်တိကို ကိန်းဝပ်စေပြီးကေ အနီးပတ်ဝန်းကျင် ကဒေသခံများကကိုယ်ကွယ်ပူဇော်ခကပါေ၇ ။ မင်းဗာကြီးနောက်ပိုင်း ပြောင်းလဲရွှေလျှားလာေ၇ ခေတ်အဆက်ဆက်မှာကုသိုလ်ရှင် အမျိုးမျိုးတိက ဂူပေါက်များတိုးချဲ့ ထွင်းထုပြီး ဘုရားဆင်းတုများစွာကိုထုဆစ်သွင်းလောင်း ကိန်ဝမပ်စံပယ် ပြီကေ ကိုးကွယ်ခပါသည်။ လက်ဟိ အခြေအနေ မှာ ကျောက်တစ်လုံးဂူဘုရားသည်လောင်းတစ်ပေါက်တောင်၏ တောင်နှာမောင်းမှာ အလျှား( ၄၀၀ ) ကျော်၊ အမြင့် (၁၅ ) ပေ ( ၂၀ )ပေ ခန်.တွင် ဂူပေါက် ( ၅၄ ) ပေါက် တွင် ဗုဒ္ထဆင်းတုတော်
(၁၉၂ ) ဆူခန့် ကိန်းဝပ်စံပယ်လျှက် ဟိကတ်ပါသည်။မြေမြင်မှဘုရားရင်ပြင်စင်္ကြန်သို.တက်တေလှေကားသုံးစင်း ဟိပါသည်။ မြောက်ဘက်အစွန်းဆုံးသည်မင်းတက်လှေကားဖြိုက်ပါသည်။မင်းဗာကြီးသည်ဒေကျောက်တစ်လုံးဂူဘုရားကိုတည်တော်မူယေ အခါမှာ ဂန္ထရီပညာရှင်တိစော် ရှေးရခိုင် စေတီပုထိုးစီရင် လေ့ ဟိပါသည့် မဏ္ဍိုင်အစီအစိုင်အရင်းတိကိုထည့်သွင်းစီရင်ပနာ အဋာနာဠိယသုတ်လာ ဟေမ၀တနတ်ယက္ခ နန့် သာတာဂီရီနတ်ယက္ခ ကို စောင့်ထားလျှက်လောကပါလနတ်၊၀သုနြေနတ်၊ ဂန္ထဗနတ်၊ နဂါး၊ ၀ိဇ္ဖါ၊ ဇော်ဂျီ ၊ တပသီ၊ ဂမ္ဘာန်များနန့်ဂြိုဟ်ကြီးကိုးလုံးကိုစီရင်ပြုလုပ်ထားခပါသည်။ ကျောက်တစ်လုံးဘုရား၏ မင်းတက် လှေကားထိပ်ဦး ဘီလူးနှစ်ကောင်ရှေ့မှာ လူနှစ်ရပ်ခန်ဟိဓါးစွဲဆောင့်ကြောင့် ထိုင်ဟေမ၀တနန့် သာတာဂီရိနတ်ဘီလူးနှစ်ကောင်ဟိပါယင့် ။ ဒုတိယ ကမ္ဘာစစ်အတွင်း အင်္ဂလိပ်ရေတပ် အမြောက်ဒဏ် ကြောင့်ယင်းနတ်ဘီလူး ရုပ်နှစ်ခု ပျက်စီး ခပါသည်။ကျောက်တစ်လုံးဘုရားနေရာတွင်
လေးမြို့ခေတ်ဦးက ရဟန္ဒာသစ ပဏ္ဍ၀မထေရ် သည် သီတင်းသုံး ကျင့်ကြံအားထုတ်ခဖူးပါသည်၊ခေတ် အဆက်ဆက်ရဟန်းသာမဏေများ၊ ၀ိဇ္ဒါဇော်ဂျီများ ၊ ထွက်ရပ်ပေါက်လိုသူများ၊ နတ်နဂါး လားရောက် တရားကျင့်ကြံမူ၊အဓိဋ္ဌာန်ဝင်မူ၊ ဥပုသ်ဆောင်ဝင်မူ တိ ပြုခကတ်ပါသည်။ ကျောက်ဖြူမြို့ ယပ်လှဲကျောင်း ပထမ
ဆရာတော် အရှင် သာဂရလက်ထက် မှာ ကျောက်တစ်လုံးဂူဘုရားတွင် လာရောက်ဥပုသ်စောင့်ရေ မြွေယောင်ဆောင်နဂါး ကို အနှောင့်အယှက်ပြုယေ အချေ နှစ်ဦး မှာနဂါးအခိုးမူတ်ခံရကတ် တေ အဖြစ်အပျက်တိဟိခတ်ဖူးပါသည်။နောက်ပြီးသုံးမိုင်ခန့်ဝေးသောကံကော်တော ဘုရားတွင်ကိန်းဝပ်သော ပတ္တမြားမျက်ရှင် ( ပြဒါးရှင်လုံး)သည် လပြည့်ညတိမှာကျောက်တစ်တစ်လုံးဂူဘုရားအပေါ် မကြာခဏ လာရောက် ရစ်ဝဲလေ့ဟိသည်ဟုတ် ရှေ့လူကြီးများပြောကြားပါသည်။
ကျောက်တစ်လုံးဘုရားခေတ်အဆက်ဆက်တွင် ယခုအုန်းတော ရွာအနီး တည်ရှိခဖူးရေကျောက်ဖြူရွာသားတိက ထိမ်းသမ်းစောင့်ရှောက်ကိုးကွယ် ခပြီး ကျောက်တစ်လုံးဘုရားရှေ့ မှာ မင်းဗာကြီးလျူဒါန်းရေ ပရိယတ္တိစာသင်တိုက်ကြီး တစ်ခု ဟိခဖူးပါသည်၊(၁၁၄၆) ခုနှစ်ကျောက်ဖြူရွာ ပျက်စီးပြီးနောက်
ထိမ်းသိမ်းမူမဟိပဲ အတော်ကြာခပီးမှ (၁၉ ) နှစ်ရာစု နှောင်းပိုင်းနှင့် ( ၂၀ ) ရာစု အစောပိုင်းကာလများ တွင့်
ကျောက်ဖြူမြို့မှ ဦးပန်းလှ၊ ပညာဝန်ဦးကုလား၊ အဖွဲဒါယိကာကြီးဦးထွန်းလှ၊ ကုန်သည်ကြီးဦးအောင်လှ ကုသိုလ် ရှင်များတို့က ကျောက်တစ်လုံးဂူဘုရားအားထိန်းသိမ်းစောင့်ရှောက်ပြုပြင်မွမ်းမံပူစော်ကိုးကွယ် ခကတ်သည်မှစ နှောင်းပိုင်းကာလတိမှာကုသိုလ်စေတနာရှင်တို.က ဆက်လက်ထိမ်းသိမ်း မွမ်းမံပူဇော် လျှက်ဟိပါသည်၊ သင်္ကြန်နှစ်ဆနုးတစ်ရက်နေ့ ကံကော်တော်ဘုရား နဲ့အတူ ဘုရားပွဲ ကျင်းပလေ့ ဟိပါသည်။


မှတ်ချက်။ ။ လိုအပ်ချက်တိဟိ ခကေလည်းဖြည့်စွက်နားလည်ပီးကပါ ၊ လက်လှမ်းမှီသလောက်တင်ပြ
ရွီးသားထားခြင်းဖြိုက်ပါယင့် ။

ဆက်ဖတ်ပါနှ~~

About This Blog

ကျောက်ဖြူမြို့ကို သတိရရေအခါတိုင်းမှာ အလွမ်းပြေအဖြစ် စာချေယက်ချေ ရွီးဖို့လို့ ရည်ရွယ်ချက်နန့် အေဘလော့ချေကို လုပ်ထားခြင်းဖြစ်ပါရေ။


ကျောက်ဖြူ-ရင်သွီးချေ

ဘလော့ကို ရောက်လာကတ်တေ ညီအစ်ကို မောင်နှမတိကို ကျောက်ဖြူ-ရင်သွီးချေ အနီနန့် အထူးကျေးဇူးတင်ပါကြောင်း ~~~~ လေးစားစွာဖြင့် ကျောက်ဖြူ-ရင်သွီးချေ

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP