~~~ရီညိုရစ်ဝန်း သန္တာကျွန်း အလှသရဖူ မြို့ကျောက်ဖြူ နတ်ရွာသဖွယ် ကျောက်ဖြူမြီ~~~မှလှိုက်လှိုက်လှဲလှဲနန့်ကြိုဆိုပါရေ။
ရင်သွီးချေ ဘလော့ကိုရောက်လာ များသူငါ ကျန်းမာကိုယ်စိတ် မြဲပါစီ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝီး ငြိမ်းအီးကတ်ပါစီ။

Showing posts with label ဆောင်းပါးချေတိ. Show all posts
Showing posts with label ဆောင်းပါးချေတိ. Show all posts

Tuesday, June 29, 2010

လက်တန်းစာဆို (သို့မဟုတ်) သိုက်ဖော်ဆရာ

ကျွန်တော်ရို့ကျောက်ဖြူမြို့ဝန်းကျင်ဟိ ကျေးလက်တောရွာတွင် လူပုဂ္ဂိုလ် သို့မဟုတ် အကြောင်းအရာတခုကို မြင်လျှင်မြင်ချင်း ကဗျာ၊လင်္ကာ၊ သံပေါက် စသည်ကဲ့သို့ လက်တန်ကဗျာလိုလို သံပေါက်လိုလို တင်္ခဏုပ္ပတ္တိဉာဏ်နှင့်စာချိုးတတ်သူ တချို့ဟိသည်။ ဤသည်ကို ဒေသအခေါ် “သိုက်ဖော်သည်“ဟုလည်းပြောကြသည်။ နောင်ဖြစ်လာဖို့ အကြောင်းကို စပ်ဆိုတတ်သဖြင့် အတိတ်နမိတ်ရို့လည်း ပါလီရာ သိုက်ဖော်သည်ဟုဆိုခြင်းမှာ မမှားပါ။ ရခိုင်ရာဇဝင်၌ သီရိသုဓမ္မရာဇာလက်ထက် “သိုက်တတ်င/လက်ရုံး”အမတ်ကြီးမှာ တဘောင်၊ တြင်း၊စနည်းနာခြင်း၊ ကြားမြင်သမျှကို အဓိပ္ပါယ်ကောက်ဖော်ပြခြင်း၌ နာမည်ကြီး အမတ်ဖြစ်လီသည်။

ကျွန်တော်ရို့အငယ်ချေခါက ကျွန်တော်ရို့ရွာအနီးအနားတွင် ထိုသို့သော ပုဂ္ဂိုလ်တဦးပေါ်ဖူးသည်။ ကျောက်ဖြူမြို့မှ ရနံတောင်(ရေနံတောင်)၊ မင်းပြင်ဖက်လားလျှင် ကုလားဘာရွာ၏ အရှေ့ဖက်တွင် “အူချေ” ဟူသောအရပ်၌ သူသည် ဥယျဉ်ခြံမြီလုပ်ကာ မိသားစုနှင့် နိန်သူဖြစ်သည်။ သူ့နာမည်မှာ “ကြွင်းကျန်အောင်” ဖြစ်သည်။ “ပညတ်လားရာ ဓာတ်သက်ပါ”ဆိုရေပိုင် သူ့အမည်ကိုကြားလိုက်သည်နှင့် ဤသူသည် သူ၏ညီအစ်ကို မောင်နှမထဲတွင် ကြွင်းကျန်ခသူတယောက်ဖြစ်ကြောင်း ထင်ရှားလီသည်။ သားသမီးအဖတ်မတင်တတ်သော မိဖတိက သူ့ကိုအကြွင်းအကျန်အဖြစ် “ကြွင်းကျန်အောင်”ဟု နာမည်ပီးခသည်။ အမှန်လည်းသူသည် မသီမပျောက်ဘဲ ကြွင်းကျန်ခ၏။

ကျွန်တော် သူ့ကိုမြင်ဖူးချိန်မှာ သူသည် အသက်(၅၀)နီးပါးဟိနိန်ယာ။ လူကြီးတိက သူ့ကိုလျှာစက်၊အာစက်ပါသူဟုပြောကြသည်။ သူ့လျှာအလယ်တွင် အမည်းစက်ပါသည်။ ထိုကြောင့် သူပြောလိုက်လျှင် မကြာခင် သူပြောရေအတိုင်းဖြစ်တေလို့ပြောကြသည်။

တနိန့်၌ သူသည် ရနံတောင်(ရေနံတောင်)၌ ရနံ(ရေနံ)တွင်းတူးနိန်သူ တဦးအနားက ဖြတ်လားယင်း ရနံ(ရေနံ)တူးနိန်သူကို “လက်တောင် အတော်နက်ယာလား” ဟုမိန်း၏။ ရနံ(ရေနံ)တွင်း တူးနိန်သူက “လက်တောင် တရာနက်ယာ” လို့ပြန်ဖြေလိုက်၏။ ထိုအခါ သူက “လက်တောင်တရာ တအာဒါ” ဟု လွှတ်ခနဲပြောထားခသည်ဆို၏။ ထိုရနံ(ရေနံ)တွင်းမှာ လိုရာလောက်နက်အောင် တူးတူး တနိန့်လျှင် ရနံ(ရေနံ)ဆီ တအာဒါသာရသည် ဆို၏။ (တအာဒါမှာ တပလင်း(တပုလင်း)၏ တဝက်ဖြစ်သည်။)

ထိုရနံ(ရေနံ)တောင်၌ပင်ဖြစ်သည်။ “ကြိမ်ခါးပိန်ကုန်းတန်း” အစုတွင်နိန်သော ဒေါ်အောင်မဖြူမှာ ရနံ(ရေနံ)တွင်းပိုင်သျှင်ဖြစ်သည်။ ညည့်ကျကေ သူ့ရနံ(ရေနံ)တွင်းက ရနံဆီ(ရေနံဆီ)တိကို လူခိုးခံနိန်ရသဖြင့် “တန်းထားဦး”ရွာက “အပု”မည်သော သူတော်ကို ညည့်အိပ်ညည့်နိန် အစောင့်ခိုင်းထားသည်။ ထိုအပုသူတော်လည်း ရနံတွင်း(ရေနံတွင်ူ)စောင့်ယင်း တောထဲက ရနံ(ရေနံ)တွင်းမှာ ညည့်တိုင်းအိပ်သည်။ ဤအပုမည်သော ဦးသူတော်မှာ ရနံတွင်း(ရေနံတွင်း)အငှါးစောင့်သည်ဆိုကတည်းကပင် ဦးသူတော်ကျင့်ဝတ်နှင့် ညီသူမဟုတ်ချေ။ ညဇာဖက်လည်း ထမင်းချက်ချင် ချက်စားသည်။

ကြွင်းကျန်အောင်နှင့် သူတော်အပုရို့ဇာကစလို့ ဇာပိုင် ကတောက်ကဆ ဖြစ်ကြသည်မသိ။ ကြွင်းကျန်အောင် သူတော်အပုကို လက်ညှိုးထိုးပြီး-

“တန်းထားဦးက အပုသူတော်၊ အောင်မဖြူမှာ ဆီစောင့်ခေါ်၊ သူတော်လမိုက်၊ သိုင်းခေါင်း(သန်းခေါင်း)လောက်မှာ ကျားကြီးလိုက်” ဟု သိုက်ဖော်ထားခသည်ဆို၏။ အမှန်ပင်ဟုတ်၏။ သုံးရက်ပင်မကြာ ရနံ(ရေနံ)မြီသို့ တစ်ခါမှ မရောက်လာဖူးသော ကျားကြီးတကောင် ရောက်လာပြီး ဟိန်းဟောက်နီသောအခါ သူတော်အပုလည်း ကြောက်ပြီးကေ ညည့်ချင်းပင် ရွာကိုဆင်းပြီးလာသည်။ နောက်လည်း ရနံ(ရေနံ)တွင်း မစောင့်ဝံ့ယာ။

ရနံ(ရေနံ)တွင်းပိုင်သျှင် ဒေါ်အောင်မဖြူတွင် မောင်ဘထွန်းဟူသော သားတယောက်ဟိသည်။ တစ်နိန့်တွင် ကြွင်းကျန်အောင်က-

“ကြိမ်ခါးပန်ကုန်းတန်း မောင်ဘထွန်း၊ ဆီးလမ်းမဖြောင့် ဝမ်းကြောင့်ကြောင့်၊ အမိဖြစ်သူ အောင်မြဖြူ၊ လူကိုမြင်ယင်း ငိုပြယင်း” ဟုသေိုက်ဖော်ပြန်သည်။

အမှန်ပင် မောင်ဘထွန်းဆိုသူမှာ ဝမ်းခဲ၊ ဝမ်းနာ ရောဂါရသည်။ လနှင့်ချီ၍ရောဂါဖြစ်နေသဖြင့် ဆွီမျိုးဉာတိများက သတင်းလာမိန်းကြရာ သူ့သားကြီးကို အလွန်ချစ်သော ဒေါ်အောင်မဖြူမှာ သူ့သားရောဂါကို ဇာဆရာ၊ ဇာဆီးရို့နှင့် ကုသပြီးယာ၊ အဂုထိမပျောက်သိမ့်သည်ကို လူနာမိန်းလာသူတိုင်းအား ငိုပနာပြောပြတတ်သည်ဆို၏။

မိုးဦးကျတနိန့်၌လည်း ကြွင်းကျန်အောင်သည် သူ့ဥယျာည်ဟိရာသို့ လာရာ တောင်ထက်တွင် သမီးယောက်ဖ တော်သူကိုမြင်သဖြင့် ...

“အဝိုင်း..ယောက်ဖ၊ တောင်ထက်မှာ အစော်လုပ်နိန်ရောင်” ဟုလှမ်းပြော၏။ ထိုအခါ တောင်ထက်က လူက “အိုင်း...လဝိုင် ဟာလူ၊ တခြားအလုပ်မမြင်လို့ တောင်မှာ နပျိုးပင်စိုက် နိန်ရေဝိုင်း” ဟု လှမ်းပြော၏။ ထိုအခါကြွင်းကျန်အောင်က-

“အလုပ်မမြင် အပျိုးပင်၊ တောင်မှာ တင်စိုက်၊ ရင်းပိုးကိုက်လိမ့်မည်” ဟုဆိုထားခသည်။ သူဆိုထားခသည်အတိုင်း တောင်ထက်တွင် တင်စိုက်ထားသော နပျိုးပင်သုံးလေးဆယ်မှာ တပင်မကျန်ရင်ပိုးကိုက်သဖြင့် နပျိုသီးတခိုင်လည်း မစားလိုက်ရသဖြင့် တဆဲတည်းဆဲနိန်ရေလို့ ကြားရသည်။

ဤသို့ ကြွင်းကျန်အောင် ပြောတိုင်းဖြစ်တတ်သည်ဟူသော စကားကြောင့် မင်းတေးတောင်ရင်းကျေးရွာဟိ လမ်းနားအိမ်တွင် နိန်ထိုင်သူ “မောင်နှံ”သည် သူ့လယ်ကညင်တေးပြင်၌ နွားကျောင်းနိန်စဉ် ကြွင်းကျန်အောင် ချောင်းဖျားရွာဖက်ကပြန်လာသည်ကို မြင်သဖြင့်....

“အစ်ကို တချက်နိန်ပါဦး” ဟုဆို၏။

ကြွင်းကန်အောင်က-

“အစော်ရောင်ဝိုင်း” ဟုပြောပြီး မောင်နှံ အနားမှာ လာရပ်သည်။ ထိုအခါ မောင်နှံက-

“ဂုပိုင်လှက် အစ်ကို၊ ကျွန်တော်နွားအုပ်က နမချေလေးငါးကောင်နှစ်တိုင်းသားကျဂေလဲ နထီးတကောင်းလည်းမပါ၊ နမ တိဂျည်းပေါက်တေ၊ ယင်းစော်ကို ကျွန်တော် နမတိ နထီးတိဂျည်းပေါက်ယောင် တချက်သိုက်ဖော်ပီးခပါလား။ အစ်ကိုသိုက်ဖော်ကေ ဖော်ရေအတိုင်း ဖြစ်တေလို့ လူတိကပြောဂတ်လို့၊ တချက် နထီးပေါက်ယောင် ဖော်ပီးခဘလတ်။”

ထိုအခါကြွင်းကျန်အောင်က-

”အိုင်းဝိုင်-ဖော်ပီးခမေ”ဟုပြောပြီး-

“လီသွင်သွင် ကညင်ဒေးမာ၊ မတေးတောင် ယောင်လို့လားကေ၊ လမ်းနားအိမ်မာ၊ မြီဆီပြန်ကေ မောင်နှံမှာကား၊ ဂနိန့်ကစလို့ နမကားပျောက်၊ နထီးပေါက်လီ၊ ပေါက်လိမေ” ဟု ပြောထားခသည်။

နောက်တနှစ်မှာ ကြွင်းကျန်အောင် သိုက်ဖော်ထားသကဲ့သို့ မောင်နှံ၏ နမလေးငါးကောင်က နွားထီးဂျည်းပေါက်ကြ၏။ သို့သော် ထိုနွားထီးတိမှာ နွားမများလောက်ပင် ကြီးထွားမှုမဟိဘဲ ပေမမှီ ဒေါက်မမှီ ဘုစုခရုတိဂျည်းဖြစ်နိန်လီရာ ရောင်းလျှင်လည်း နွားမများလောက်ပင် ဈီးမရသဖြင့် မောင်နှံမှာ ကြွင်းကျန်အောင်အား သိုက်ဖော်ခိုင်းမိသည်ကို နောင်တရမဆုံးဖြစ်နိန်လီသည်။

.................................
မှတ်ချက်။ ။ အေဆောင်းပါးကို ၂၀၀၉ ခုနှစ်မှာ ထုတ်ဝီခရေ “ကျောက်ဖြူမြို့တည်(၁၈၀)ပြည့်အထိမ်းအမှတ် ကျောက်ဖြူမဂ္ဂဇင်း”တွင် ဆောင်းပါးသျှင် “ဝေယံလင်းခေါင်”၏ ဆောင်းပါးကိုကူလို့ဖော်ပြအပ်ပါသည်။

ဆက်ဖတ်ပါနှ~~

Tuesday, December 22, 2009

နပျိုးသီး၊ လှီကား၊ ရခဲရည်၊ မျောက်တိနှင့် ငါ့ရို့

သူငယ်ချင်းရို့....စမ်းသပ်ချက်တခုမှာ သိပ္ပံပညာသျှင်များက မျောက် ၅
ကောင်ကို လှောင်အိမ်တခုထဲမှာအတူတူ စုထည့်ထားလိုက်ရေ။

ပြီးကေလှောင်အိမ်၏ အလယ်တည့်တည့်မှာ လှီကားတစင်းထောင်ထားပြီး
လှီကားထိပ်မှာတော့ခါ နပျောသီးတဖီးကို တင်ထားပီးပါရေလတ်။

တကယ်လို့ရာ မျောက်တကောင်ကောင်ကနီ နပျောသီးစားချင်လို့ လှီကားထက်ကို
တက်ဖို့ကြိုးစားအခါတိုင်းမှာ သိပ္ပံပညာရှင်တိက ကျန်ရေမျောက်တိကို
(မျောက်တိ ကြောက်ရေ) ရခဲပိုင်ချောင် အီးစက်နီရေ ရီအီးတိနန့် နီမထိ
ထိုင်မသာဖြစ်အောင် ဆွတ်ဖြန်းပီးထားရေလတ်။

ယာ....မကြာလိုက်ပါ။ မျောက်တိစွာ သူရို့အထဲက တကောင်ကောင် လှီကားထက်တက်ဖို့
ကြိုးစားစွာနှင့် ယင်းအကောင်ကို ကျန်ရေလေးကောင်က ၀ိုင်းပြီး ထုကတ်၊
နှက်ကတ်ပါလှရေလတ်။ ယင်းအခါမှာတော့ခါ ရီအီးနှင့် ပက်ဖြန်းစွာကို
ရပ်နားထားလိုက်ပါလီရေ။

ယင်းနောက်ပိုင်းမှာ နပျောသီး၏ ဆွဲဆောင်ဖြားယောင်းမှု ဇာပိုင်ပင်
အားကောင်းလွန်းလှကေလေ့ မျောက်တိတကောင်လည်းသော့ မျောက်စွမ်းကောင်းလုပ်ပြီး
လှီကားထက်ကို တက်ဖို့ ထပ်မကြိုးစားဝံ့ယာလတ်။

ယင်းပိုင်အနီအထားမှာ သိပ္ပံပညာသျှင်တိက မူလမျောက်ငါးကောင်ထဲက တကောင်ကို
လှောင်အိမ်ထဲက ထုတ်။ သူ့နီရာမှာ မျောက်အသစ်တကောင်နှင့်
လဲလှယ်အစားထိုးလိုက်တေ။ မျောက်အသစ်စွာ လှောင်အိမ်ထဲကို ရောက်စွာနန့်
(မျောက်ပီပီ) လှီကားထက်ကို ပြီးတက်ပြီး နပျောသီးကို ယူဖို့
ကြိုးစားပါလီရေနှယေ။ ကျန်ရေလေးကောင်ကလည်း ထုံးစံအတိုင်း မဆိုင်းမတွ
သူ့ကို ၀ိုင်း "သမ" ကတ်တေလတ်။
(ကွိကွိ...ကွကွ...ကွိကွ...ခွီးမသားမျောက်...ဆော်ပစ်....ကွစ်ကွစ်)

ယင်းပိုင် မကြာမကြာ ထုနှက်ခံရပြီးရေနောက်မှာ အသစ်ရောက်လာရေမျောက်က
အစော်ဖြစ်လို့ အေပိုင် ထုနှကကတ်ရေလဲ။ နောက်ကွယ်က အကြောင်းရင်းမှန်ကို
စဉ်းစားလို့ မရကေလည်း လှီကားထက်ကို မတက်ရဆိုရေ အချက်ကိုတော့ခါ
ကောင်းကောင်းကြီး သဘောပေါက်လာရေ။ လှီကားထက်ကို တက်ဖို့ကိုလည်း
ထပ်မံမကြိုးစားဝံ့ယာလတ်။

ဒုတိယ မျောက်အသစ်တကောင်ကို မျောက်အဟောင်းတကောင်၏ နီရာမှာ ထပ်မံအစားထိုး
ထည့်လိုက်ရေအခါမှာလည်း အလားတူ အဖြစ်မျိုး ထပ်ဖြစ်တေ။ ဒေနီရာမှာ
စိတ်ဝင်စားဖို့ကောင်းစွာက ဒုတိယမျောက်သစ်ကို ၀ိုင်းဝန်းထုနှက်ကတ်တေအခါ
သူ့အယင်ရောက်တေ မျောက်အသစ်ကပါ ဘုမသိ ဘမသိ ၀င်ပြီး ထုနှက်စွာကို
တွိ့ရရေလတ်။ (ကြည့်ရစွာ လူတိသာမက မျောက်တိလည်း ဆွမ်းကြီးလောင်းရစွာ
ဝါသနာပါပုံရရေဝေး ။)

ယင်းပိုင်နှင့် တတိယ မျောက်အသစ်တကောင်ကို မူလမျောက်အဟောင်းထဲက တကောင်နီရာမှာ
အစားထိုးထည့်ကြည့်ရေ။ ထုနှက်ရေကိစ္စဆက်ဖြစ်တေ။
စတုတ္ထမျောက် အသစ်တကောင်ထပ်လှဲထည့်ရေ။ ထုရိုက်ရေကိစ္စ ဆက်ဖြစ်တေ။
နောက်ဆုံးမှာ ပဉ္စမမြောက် မျောက်အသစ်ကို
နောက်ဆုံး လက်ကျန်မျောက်အဟောင်းနီရာမှာ အပြီးသတ် လဲထည့်လိုက်လီရေ။

********************************************************************

သူငယ်ချင်းရို့.....အခုဆိုကေ လှောင်အိမ်ထဲမှာ ဟိနီရေ
မျောက်ငါးကောင်စလုံးစွာ နောက်မှ ရောက်လာကတ်တေ မျောက်အသစ်တိချည်းပါဝေး။
သူရို့ အားလုံးစွာ ရခဲရီနန့် ပက်ဖြန်းစွာကို တခါမှ မကြုံခရဖူး။
ယကေလေ့ သူရို့ထဲက တစ်ကောင်ကောင် လှီကားထက်ကို တက်ဖို့ကြိုးစားကေတော့ခါ
ကျန်ရေ လေးကောင်က ၀ိုင်းဝန်းပြီး ထုကတ်၊ နှက်ကတ်ဆဲပါလတ်။ယကေလေ့ အစော်ဖြစ်လို့
ယင်းပိုင် ထုနှက်ရသလဲဆိုရေ အကြောင်းရင်းကိုတော့ခါ မျောက်ငါးကောင်စလုံး လုံးဝ
မသကတ်ပါ။

ကိုင်.....ပုံပြင်ချေကတော့ခါ အေလောက်ပါရာယေ။

သူငယ်ချင်းရို့……ယင်း မျောက်ငါးကောင်၏ ထူးဆန်းရေ အပြုအမူကို
လူ့အဖွဲ့အစည်း အတွင်းမှာလည်း တွိ့ဖူးကြုံဖူး ပါရေလား။
.................
ကျေးဇူးတင်ပါရေ။

ဆက်ဖတ်ပါနှ~~

Sunday, December 20, 2009

အဘိုးသျှင်ဆရာကြီးဦးဦးသာထွန်း


ဆရာကြီး ဦးဦးသာထွန်းကို ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ညောင်ပင်ဈေးရွာ အနီး
အဖ ဦးကောင်းစံရွှီ၊ အမိ ဒေါ်အောင်ကွင့်ဇံတို့မှ ၁၉၁၇ ခု၊ နိုဝင်ဘာလ
၂၃ ရက်၊ သောကြာနေ့တွင် ဖွားမြင်ခဲ့သည်။ တဦးတည်းသောသား ဖြစ်သည်။
ငယ်စဉ်မှစ၍ အဘိုးဖြစ်သူ ရာဇဝင် ဆရာကြီး ဦးသာထွန်းအောင်က ရခိုင်
ရာဇဝင်၊ ဆေးကျမ်း၊ နက္ခတ်ကျမ်း၊ ပူရာဏ်ကျမ်းများအား နုတ်တိုက်အာဂုံ
သင်ကြား ပေးခဲ့သည်။ ဆက်ဖတ်ရန်...

ဆက်ဖတ်ပါနှ~~

About This Blog

ကျောက်ဖြူမြို့ကို သတိရရေအခါတိုင်းမှာ အလွမ်းပြေအဖြစ် စာချေယက်ချေ ရွီးဖို့လို့ ရည်ရွယ်ချက်နန့် အေဘလော့ချေကို လုပ်ထားခြင်းဖြစ်ပါရေ။


ကျောက်ဖြူ-ရင်သွီးချေ

ဘလော့ကို ရောက်လာကတ်တေ ညီအစ်ကို မောင်နှမတိကို ကျောက်ဖြူ-ရင်သွီးချေ အနီနန့် အထူးကျေးဇူးတင်ပါကြောင်း ~~~~ လေးစားစွာဖြင့် ကျောက်ဖြူ-ရင်သွီးချေ

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP