~~~ရီညိုရစ်ဝန်း သန္တာကျွန်း အလှသရဖူ မြို့ကျောက်ဖြူ နတ်ရွာသဖွယ် ကျောက်ဖြူမြီ~~~မှလှိုက်လှိုက်လှဲလှဲနန့်ကြိုဆိုပါရေ။
ရင်သွီးချေ ဘလော့ကိုရောက်လာ များသူငါ ကျန်းမာကိုယ်စိတ် မြဲပါစီ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝီး ငြိမ်းအီးကတ်ပါစီ။

Wednesday, June 23, 2010

အံ့ဖွယ်သာမော ကံ့ကော်တောဘုရားသမိုင်း အပိုင်း(၁)


ကျောက်ဖြူမြို့ စတင်တည်ထောင်ခြင်း သမိုင်အကျဉ်းချုပ်

ဤတန်းခိုးကြီး ကံ့ကော်တော ရှေးဟောင်းဘုရား ရုပ်ပွားတော်များသမိုင်းအကြောင်းကို ရေးသားပြုစုရာတွင် ကံ့ကော်တောဘုရားဟိ ဂုံးချွန်ကျေးရွာနှင့် ရီမြီဒေသ အလုံးစုံ ဆက်စပ်သက်ဆိုင်လျှက် ဟိနိန်ရေ ဤကျောက်ဖြူမြို့အကြောင်းအရာများကိုလည်း ဗဟုသုတအဖြစ် သိမှတ်ကြစီရန် အနည်းချေမျှ ထည့်သွင်းဖော်ပြသင့်သည်ဟု ယူဆမိပါသောကြောင့် ဤမြို့စတင်တည်ပေါ်ပေါက် တည်ထောင်ခခြင်း အစကို အကျဉ်းချုံး၍ ဖော်ပြလိုက်ပါသည်။ ဤကျောက်ဖြူမြို့အကြောင်း ရေးသားရသည်နှင့်တပြိုင်နက် သက်ဆိုင်ဆက်စပ်လျှက် ဟိလီသော ရခိုင်ပြည်နှင့် ရမ်းဗြဲကျွန်းရို့၏ ရှေးလွန်းလီပြီးသော သမိုင်းအကြောင်းအရာများမှာလည်း ရောယှက် ဆက်နွယ်၍ ပါလာပါသည်။

ကျောက်ဖြူမြို့သည်ကား ရခိုင်ပြည်ဟိ ရမ္မာဝတီခေါ် ရမ်းဗြဲကျွန်း၏မြောက်ဖက် ဖျားဟိ ဘင်္ဂလားပင်လယ်ကမ်းခြီအနီးတွင် ဟိနိန်ခြင်းကြောင့်ပင်ဖြစ်ပါသည်။ ရှေးရခိုင်ပြည်ကြီးတွင် ဝတီလေးရပ် အပါအဝင် တိုင်းကြီး(၁၂)တိုင်း ဟိခဖူးသည်။ ထိုတိုင်းများထဲတွင် ရမ္မာဝတီခေါ် ရမ္မပူရကျွန်းသည်လည်း တိုင်းတတိုင်းအဖြစ်ပါဝင် ခလီသည်။ ဤရမ္မာပူရကျွန်းအား နောက်တနည်းအဆိုတရပ်မှာကား ကဿပဘုရား သခင်လက်ထက်တော်အခါက တပါးသောနိန့် တနိန့်တွင် ဘုရားသခင်သည် ရဟန္တာများနှင့် ဂေါင်းဂွင်(ကောင်းကင်)စံခရီးဖြင့် ကြွတော်မူရာတွင် ရခိုင်ပြည်၏အလယ်ဗဟိုကျသော ပင်လင်ထဲတွင် ဝမ်းဘဲငှက်သဏ္ဌာန်ကဲ့သို့ ကျွန်းချေတခုထက်သို့ ဆင်းသက်ရပ်နားတော်မူပြီး၍ ဗျာဒိတ်တော်ထားခတော်မူလီရေ။ ယခုကာလရှည်လာခြင်းကြောင့် ရမ်းဗြဲကျွန်ဟူ၍ ပြောင်းရွှေ့ခေါ်ဆိုကြကြောင်းကို အဆိုဟိခလီသည်။

ထိုနောက် ကာလအလွန်ကြာမြင့်လာသောအခါတွင် ရခိုင်ပြည်အား မြန်မာမင်းရို့ သိမ်းပိုက်အုပ်ချုပ်ခလီသည်။ ထိုမှတဖန် ခရစ်သက္ကရာဇ် ၁၈၂၄-၂၆ ခုနှစ်တွင် အင်္ဂလိပ် မြန်မာရို့ ပထမအကြိမ်စစ်ပွဲကြီးဖြစ်ပွားရာ ရခိုင်ပြည်အား အင်္ဂလိပ်ရို့သိမ်းယူလားပါသည်။ ထိုအခါ အင်္ဂလိပ်ရို့သည် ရခိုင်ပြည်အား လေးခရိုင်ပြုလုပ် အုပ်ချုပ်ခလီသည်။ ယင်းရို့မှာ (၁) စစ်တွေခရိုင်၊ (၂) အမ်းခရိုင်၊ (၃) ရမ်းဗြဲခရိုင်၊ (၄) သံတွဲခရိုင် များပင်ဖြစ်ပါသည်။ ခရစ်သက္ကရာဇ် ၁၈၂၉ ခုနှစ်တွင် ကျောက်ဖြူ ရခိုင်တိုင်း စစ်ဌာနချုပ် အဖြစ် ချထားပြီး တပ်မြို့သဖွယ် ပြုလုပ်ထားခကြောင်း သိရပါသည်။ ခရစ်သက္ကရာဇ် ၁၈၃၇ ခုနှစ်တွင် အမ်းခရမ်းကို ဖျက်သိမ်းလိုက်ပြီးလျှင် ကျောက်ဖြူခရိုင်အဖြစ် ပြောင်းယူအုပ်ချုပ်ခလီသည်။ ထိုနောက်တဖန် ခရစ်သက္ကရာဇ် ၁၈၅၂ ခုနှစ်တွင် ရမ်းဗြဲခရိုင်ကိုဖျက်သိမ်းပြီး အမ်းခရိုင်နှင့် ရမ်းဗြဲခရိုင်နှစ်ခုကို တခုတည်းအဖြစ် ပူးပေါင်း၍ ကျောက်ဖြူခရိုင်အဖြစ် ပြုလုပ်အုပ်ချုပ်ခသည်။

ကျောက်ဖြူမြို့ဟု ခေါ်ဝေါ်ရခြင်းမှာ လှပဖြူဖွေးသော ကျောက်စရစ်လုံးချေတိ ပေါများစွာဟိသောကြောင့် ကျောက်ဖြူမြို့ဟု အမည်ပီးခခြင်းဖြစ်ပါသည်။ ကျောက်ဖြူမြို့သည်ကား အလွန်းသာယာလှပခြင်းရို့နှင့် ပြည့်စုံပေသည်။ မြင့်သောအရပ်မှ ကြည့်လျှင် ပင်လယ်ရီပတ်လည်ဝိုင်းလျက် ဟိပါသည်။ ကံ့ကော်တောဘုရားဖက်သို့လားရန် လမ်းမျက်နှာသာလျှင် ကုန်းလမ်းဟူ၍ဟိပါသည်။ (အယင်ကျောက်ဖြူ>ရမ်းဗြဲ၊ အဂု ကျောက်ဖြူ> ရမ်ဗြဲ ကားလမ်းမကြီးဖြစ်သည်) ယကေလေ့ ပင်လယ်ရီ ပတ်လည်ဝိုင်းသကဲ့သို့ ဟိနိန်ကေလေ့ မြို့တွင်းဟိ သောက်သုံးရန်ရီများမှာကး ရီချိုတွင်းများသာဖြစ်ပါသည်။ လုံးဝငန်းခြင်း၊ နောက်ကျိခြင်း မဟိပါ။ ကြည်လင်အီးမြသန့်စင်သော ရီချို၊ ရီကောင်းများသာ ဖြစ်ပါသည်။ စားသောက်ဖွယ်ရာ ဆန်ရီစပါးများမှာလည်း မယှားမပေါ ဟိပါသည်။ အထူးသဖြင့် ပင်လယ်ငါးများ ပေါလွန်း၍ အခြားမြို့ရွာများမှာကဲ့သို့ ချိန်တွယ်ရောင်းချရန်မလိုဘဲ ပုံတိုက်ကြည့်၍၄င်း၊ ကောင်းရေအလိုက် ရွီတွက်၍၄င်း၊ ရောင်းချလေ့ဟိကြပါသည်။ ရာသီဥတုမှာလည်း မပူလွန်း၊ မအေးလွန်း ခြင်းရို့ကြောင့် ညီမျှမှုဟိပါသည်။ ပင်လယ်ကမ်းခြီမြို့ဖြစ်၍ သင်္ဘော ရီယာဉ်များ အချိန်မရွီး ဝင်ရောက်ဆိုက်ကပ်လားနိုင်သည်။ ရန်သတ္တရုနည်းပါးမှုကြောင့် အရာခပ်သိမ်း အန္တရာယ်အပေါင်းကင်းငြိမ်းခြင်းဟိပါသည်။ ထိုကြောင့်လည်း ရောက်ဖူးသူတိုင်းသည် စိတ်အီးချမ်းသာ ပျော်ရွှင်မှုဟိကြပါသည်။ ဤသည်ရို့ကြောင့်ပင် ရှေးလူကြီးများက ဤမြို့အား “ထူဆန်းသောနတ်ကျွန်းသာ” ဟူ၍သာ ခေါ်ဝေါ်ခကြပါသည်။

ကျောက်ဖြူမြို့၏ အလျား (၂)မိုင်၊ အနံ(၁)မိုင်းခွဲခန့်သာဟိပါသည်။ မြို့၏ မြီမျက်နှာပြင်မှာ တောင်ကုန်းများ၊ ချိုင့်ဝှမ်းများဟူ၍ လုံဝမဟိဘဲ စည်မျက်နှာပြင်ကဲ့သို့ ညီညာပြန့်ပြူးလျက် ဟိပါသည်။ ဤကားကျောက်ဖြူမြို့၏ သမိုင်းအကျဉ်းချုပ်ဖြစ်ပါသည်။

..................
(ဝန်ခံချက်။ ။ ရွှေဖြူ-ခင်မြတ်လှ ရှာဖွီပြုစုရေ “ အံ့ဖွယ်သာမော ကံ့ကော်တောဘုရာ သမိုင်းအကျဉ်းချုပ်” ပဉ္စမအကြိမ်၊ ၁၉၉၇ ခုနှစ် နိုဝင်လာလ ထုတ်ဝီရေ စာအုပ်မှ ကူးယူဖော်ပြအပ်ပါသည်။ ဆက်လို့ဖော်ပြပါမည်)

0 မှတ်ချက်:

About This Blog

ကျောက်ဖြူမြို့ကို သတိရရေအခါတိုင်းမှာ အလွမ်းပြေအဖြစ် စာချေယက်ချေ ရွီးဖို့လို့ ရည်ရွယ်ချက်နန့် အေဘလော့ချေကို လုပ်ထားခြင်းဖြစ်ပါရေ။


ကျောက်ဖြူ-ရင်သွီးချေ

ဘလော့ကို ရောက်လာကတ်တေ ညီအစ်ကို မောင်နှမတိကို ကျောက်ဖြူ-ရင်သွီးချေ အနီနန့် အထူးကျေးဇူးတင်ပါကြောင်း ~~~~ လေးစားစွာဖြင့် ကျောက်ဖြူ-ရင်သွီးချေ

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP