~~~ရီညိုရစ်ဝန်း သန္တာကျွန်း အလှသရဖူ မြို့ကျောက်ဖြူ နတ်ရွာသဖွယ် ကျောက်ဖြူမြီ~~~မှလှိုက်လှိုက်လှဲလှဲနန့်ကြိုဆိုပါရေ။
ရင်သွီးချေ ဘလော့ကိုရောက်လာ များသူငါ ကျန်းမာကိုယ်စိတ် မြဲပါစီ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝီး ငြိမ်းအီးကတ်ပါစီ။

Thursday, April 1, 2010

သာသနာ ၂၅၀၀ မော်ကွန်းစေတီတော် ဘုရားသမိုင်းအကျဉ်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့
သာသနာ ၂၅၀၀ မော်ကွန်းစေတီတော် ဘုရားသမိုင်းအကျဉ်း
(သသနာ(၂၅၀၀)ပြည့်နှစ်၊ ကောဇာ(၁၃၁၈) ခုနှစ်၊ ခရစ်(၁၉၅၆))


နိဒါန်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့၏ အကျော်ဇေယျစေတီများထဲတွင် သာသနာ ၂၅၀၀ မော်ကွန်းစေတီတော်လည်းပါဝင်ပါသည်။ ကျောက်ဖြူမြို့သည် ရခိုင်ကမ်းရိုးတမ်းအနီး၊ ရမ်းဗြဲ့ကျွန်း၏ မြောက်ဖက်စွန်းတွင်တည်ဟိသော ပင်လယ်ကမ်းခြီမြို့ကြီးဖြစ်သည်။ သာသနာ ၂၅၀၀ ရာစေတီတော်သည် ကျောက်ဖြူမြို့၏အနောက်ဖက် နှစ်မိုင်ခန့်အကွာ င/ကျားမော် ပင်လယ်မော်စွန်း (Geogia Point) ပင်လယ်ကမ်းခြီအနီး၊ စေတီယျတောင် တန်း၏တောင်မော်ဦးတွင်တည်ဟိသည်။

သာသနာ ၂၅၀၀ မော်ကွန်းစေတီတော်၏ပုံသဏ္ဍာန်သည် တွိ့မြင်နီကျစေတီပုထိုးတော်၏ပုံ သဏ္ဍာန်မျိုးမဟုတ်ဘဲ မဇ္ဈိမဒေသ ဗုဒ္ဓဂါယာမှ တတိယသံဂါယနာတင် ဒါယကာ သီရိဓမ္မာသောကမင်း၏ ကုသိုလ်တော်မဟာဗောဓိစေတီတော်ပုံ သဏ္ဍာန်တော်ကိုယူ၍ တည်ထားကိုးကွယ်ထားခြင်းဖြစ်သည်။

သာသနာတော်ဝင်စေတီတော်

သာသနာ ၂၅၀၀ မော်ကွန်းစေတီတော်ကို ကောဇာသက္ကရာဇ် ၁၃၁၈-ခု၊ ကဆုန်လပြည့်နိန့်၊ ခရာစ်သက္ကရာဇ် ၁၉၆၅-ခု၊ မေလ(၂၅)ရက် ကြာသပတီးနိန့်၌ ဗုဒ္ဓသာသနာတော်နှစ် (၂၅၀၀)တိတိပြည့်မြောက်သောအထိမ်းအမှတ်၊ ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအီးကုန်းမြီ၊ မဟာပါသာဏလှိုဏ်ဂူတော်တွင်ပြုလုပ်ကျင်းပသော ဆဌသံဂါယနာပွဲသဘင်တော်အထိမ်းအမှတ်၊ အိန္ဒိယပြည်ဗုဒ္ဓဂါယာမဟာဗောဓိ စေတီတော်အနီးတွင်ပြုလုပ်ကျင်းပသော ကမ္ဘာ့ဗုဒ္ဓဘာသာဝင်များနှင့်သာသနာတော် ကိုကြည်ညိုသူများပြုလုပ်ကျင်းပသော ဗုဒ္ဓပူဇယန္တီပွဲတော်အထိမ်းအမှတ်အဖြစ် ပန္နက်ချတည်ထားကိုးကွယ်ခကတ်လီသည်။

ဤစေတီတော်ဖြစ်မြောက်ရေးကိုကျောက်ဖြူမြို့၏ ဂုဏ်ကျက်သဆောင် လူကြီးများ ဖြစ်ကြသော ဒေါက်တာဦးထွန်းမင်း၊ ဦးသာထွန်း(ရာဖြတ်) ဦးဘိုးညွန့်(ရှေ့နီ)၊ ဦးသောကြာအောင်(မြစ်နားတန်း)၊ ဦးစံလှအောင်(ဘီလစ်)ဦးနို့ဒေါင်း(ကျောင်းဆရာ)၊ ဦးမဲအောင်(စိုက်ပျိုးရေး)၊ အစိဟိသူရို့ဦးဆောင်လျက် ကျောက်ဖြူမြို့နဂါးကျောင်းတိုက် ဆရာတော်ဘဒ္ဒ န္တနန္ဒ၊ စေတီယ(ကုမ္ပဏီစဈီး) ကျေးရွာ ကျောင်တိုက်ဆရာတော် ဘဒ္ဒန္တသာကေတရို့ကအမှူးထားလျက် သာသနာတော်၂၅၀၀ မော်ကွန်းစေတီတော်ကို တည်ထားကိုးကွယ်ခဲ့ကြသည်။

ဤစေတီတော်ကို ရမ်းဗြဲ့မြို့ လေးတောင်နယ်မှပန်းပညာသျှင် ဦးတောသာ၊ ဦးချက်ဖား ဦးဆောင်သောအဖွဲ့မှ တည်ဆောက်ခသည်။ စေတီတော်သည် မဟာဗောဓိစေတီတော် ပုံစံမျိုးဖြစ်ပြီး ပလ္လင်ခုံလေးဖက်လေးတန်တွင်ပုံတူစေတီတော်ငယ်လေးဆူသီတင်းသုံး သည်။ပင်မစေတီတော်တွင် အရှေ့၊အနောက်၊တောင်၊မြောက်၊မျက်နှာစာ၌မုခ်တမုခ်စီပါဝင် ပြီး၊ မုခ်တမုခ်စီထဲတွင်ထိုင်တော်မူ ဘူမိဖဿမုဒြာ ဗုဒ္ဓဆင်းတုတော်ငယ်အဆူ(၂၅၀၀) ကျော်သီတင်းသုံးစံပါယ်သည်။

စေတီတော်အရှေ့မုခ်ဟိဗုဒ္ဓဆင်းတုတော်မြတ်သည် အများပြည်သူကောင်းမှုဖြစ်သည်။ တောင်ဖက်မုခ်ဟိ ဗုဒ္ဓဆင်းတုတော်မြတ်သည် ကျောင်းဆရာဦးနို့ဒေါင်းမိသားစု၏ ကောင်းမှုတော်ဖြစ်သည်။ အနောက်ဖက်မုခ်ဟိ ဗုဒ္ဓဆင်းတုတော်မြတ်သည် ပညာရေးဌာန မိသားစု၏ ကောင်းမှုတော်ဖြစ်သည်။ မြောက်ဖက်မုခ်ဟိ ဗုဒ္ဓဆင်းတုတော်မြတ်သည် ကုန်သည် ဦးစိန်နက်မိသားစု၏ ကောင်းမှုတော်ဖြစ်သည်။

ဘုရားကုန်တောက်ထက်သို့ အနောက်မြောက်ဖက်မှ တက်သောအုတ်လှီကားသည် အများပြည်သူကောင်းမှုဖြစ်သည်။ အုတ်လှီကားအထက်ဟိ ဘုံပြဿဒ်ပါ နတ်လမ်းကို ကုန်သည် ဦးမောင်ဟုန်၊ ဒေါ်အလံမိသားစု၏ကောင်းမှုဖြစ်သည်။ ထိုစောင်းတန်းဟိ ရင်ကွဲဇရပ်ကို ရှေ့နီ ဦးဘိုးညွန့်မိသားစုမှလှူဒါန်းသည်။ အုတ်လှီကား ခြီရင်းဟိ အုတ်မုခ်ဝကိုဦးမောင်ခိုင်အမှူးပြုသောမြစ်နားတန်းသားများကလှူဒါန်းသည်။ ထိုမုခ်ဝမှ တောင်ဖက်သို့ကိုက်သုံးရာခန့်အကွာတွင် သစ်သားဇရပ်တဆောင်ကို ယောင်ကြီးဗွေ ဦးအေးထွန်းဦး ဦးဆောင်သောအဖွဲ့မှလှူဒါန်းသည်။ ယင်းဇရပ်အနီးတွင် ရီတွင်းတတွင်းကို အိုးဝေဆီးလိပ်ခုံမိသားစုမှကောင်းမှုပြုသည်။ ဘုရားကုန်းတော်ထက်တွင် သံဃာစင်ပါဇရပ် တဆောင်ကို မအေးမြင့်ဆီးလိပ်ခုံမိသားစုမှကောင်မှုပြုသည်။

ရီစီးတခါ ရီသာတလှည့်

ထိုစဉ်သာသနာ(၂၅၀၀)မော်ကွန်းစေတီပွဲတော်ကို နှစ်စဉ်တပေါင်းလပြည့်နိန့်တိုင်းတွင် ပြုလုပ်ကျင်းပလေ့ဟိပြီး စေတီတော်၏ဘက်စုံဝေယျာဝစ္စကိစ္စရပ်များကို ကျောက်တလုံး ဂေါပကအဖွဲ့မှတာဝန်ယူဆောင်ရွက်ခသည်။

သို့ဖြစ်တိုင်စေတီတော်စောင့်ယှောက်ရေးအတွက်ဂေါပကမျိုးဆက်သစ်မပေါ်လာခြင်း ကြောင့်လည်းကောင်း၊ ဆိုင်ကလုန်းမုန်းတိုင်းကြီး၏ဒဏ်ကိုနှစ်ကြိမ်တိုင်တိုင်ခံစားရခြင်း ကြောင့်လည်းကောင်း၊ တခြားအကြောင်းများကြောင့်လည်းကောင်း၊ စေတီတော်သည် အထိန်းအသိမ်းမဲ့စွာဖြင့်ပျက်စီးယိုယွင်းလျက် ခြုံနွယ်ပိတ်ပေါင်းများစွာလွှမ်းမိုးကြီးစိုးခြင်းကို ခံခရသည်။ မုခ်ကြီးလေးမုခ်ဟိဗုဒ္ဓဆင်းတုတော်များအပါအဝင် ဗုဒ္ဓဆင်းတုတော်များကျိုးပဲ့ ပျက်စီးပရိနိဗ္ဗာန်ပြုခရသည်။ ဇရပ်တန်ဆောင်များသည်လည်းပျက်စီးယိုယွင်းပျောက်ကွယ် ခရသည်။ ဤသို့နှစ်နှစ်သုံးဆယ်ကျော်ကျော်မျှ ဒုက္ကစရိယကျင့်ကြံနီခရသည်။

သာသနာရောင်တော်ဖွင့်


၁၉၉၂ ခု၊ ဖေဖောဝါရီ(၁၅)ရက်နိန့်တွင် ကျောက်ဖြူမြို့လူငယ်လူရွယ်များပါဝင်သောရောင် တော်ဖွင့်ဗုဒ္ဓသာသနာ့ဝေယျာဝစ္စအဖွဲ့သည် သာသနာ(၂၅၀၀)မော်ကွန်းစေတီကုန်းတော် ထက်ကိုရောက်လာပြီးခြုံနွယ်ပိတ်ပေါင်းများခွတ်ထွင်ယှင်းလင်းခြင်း၊ မြီသားပြုပျင်မြီညှိခြင်း၊ စေတီတော်အားရောင်တော်ဖွင့်ခြင်း၊ ကျိုးပဲပျက်စီးနနိန်သည်ကိုပြုပြင်မွမ်းမံခြင်း၊ ကျိုးပဲ့ပျက်စီးနိန်သော ဗုဒ္ဓဆင်းတုတော်များအားပြန်လို့မွမ်းမံခြင်း၊ ဗုဒ္ဓဆင်းတုတော်ကြီးငယ် များအသစ်တဖန်ထုဆစ်သွန်းလောင်းခြင်း၊ ရင်ပြင်တော်အားပြုပြင်မွမ်းမံခြင်း၊ အုတ်လှီကား များအားပြုပျင်မွမ်းမံခြင်း၊ မြီကာနံရံများတည်ဆောက်ခြင်း စသည်ရို့ကိုပြုလုပ်ကြသည်။

တခါ စေတီတော်မြတ်ကို ထုံးသင်္ကန်းကပ်လှူနီရာမှရွှီရောင်သင်္ကန်းကို နှစ်စဉ်ကပ်လှူပူ ဇော်ကြသည်။ စေတီတော်၏မုခ်လေးမုခ်ဟိ ဗုဒ္ဓဆင်းတုတော်များကို ပြုပျင်မွမ်းမံသောအခါ တွင်အရှေ့ဖက်မုခ်ဟိ ဗုဒ္ဓဆင်းတုတော် ဘာလမုဒြာအဖြစ်လည်းကောင်း၊ တောင်ဖက်မုခ်ဟိ ဗုဒ္ဓဆင်းတုတော်ကို ဈာနမုဒြာအဖြစ်လည်းကောင်း၊ အနောက်ဖက်မုခ် ဟိဆင်းတုတော်ကို အဘယမုဒြာအဖြစ်လည်းကောင်း၊ မြောက်ဖက်မုခ်ဟိဆင်းတုတော်ကို ဓမ္မစက္ကမုဒြာအဖြစ်အသစ်ထုလုပ်ပူဇော်ကြသည်။ အရှေ့ဖက်မုခ်ဆင်းတုတော်၏အလှူ သျှင်သည် မူလအလှူသျှင်အများပြည်သူကောင်းမှုဖြစ်သည်။ တောင်ဖက်မုခ်ဆင်းတုတော် ၏အလှူသျှင်သည် မူလအလှူသျှင် ဦးနို့ဒေါင်း(ကျောင်းဆရာ)၏မျိုးဆက်ကုန်သည် ဦးဘိုးကြိုင်၊ ဒေါ်သောင်းစိန်မိသားစုကောင်းမှုဖြစ်သည်။ အနောက်ဖက်ဆင်းတုတော်၏ အလှူသျှင်သည်မူလအလှူသျှင်ပညာရေးမိသားစုကောင်းမှုဖြစ်သည်။ မြောက်ဖက်ဆင်းတု တော်၏အလှူသျှင်သည် အလှူသျှင်သစ် ဦးကျော်မြင့်၊ ဒေါ်သန်းတင်မိသားစုကောင်းမှုဖြစ် သည်။

ဗုဒ္ဓပူဇနိယပွဲတော်

၁၃၅၄ ခု၊သီတင်းကျွတ်ပွဲတော်(၁၉၉၂-ခု၊အောက်တိုဘာလ)မှအစပြုပြီး သာသနာ(၂၅၀၀) မော်ကွန်းစေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ဝါကျွတ်ပွဲတော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမြဲဖြစ်သည်။ ဗုဒ္ဓပူဇနိယပွဲတော်၌ မြို့ထက်ဟိ သီလဝန္တ၊ဂုဏဝန္တ၊ ပညာဝန္တဆရာတော်များအားပင့်ဖိတ်၍ ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲ ကျင်းပသည်သာမက ဆွမ်းတော်ကြီးကပ်လှူပွဲ၊ ဆီးမီးတထောင်ပန်းတထောင်ပွဲ၊ မြသပိတ် ကပ်လှူပွဲ၊ ပရိတ်ပဌာန်းရွတ်ဖတ်သဇ္ဈယ်ပွဲ၊ သျှင်ဦးပဂုတ်ဖောင်တော်လှည့်လည်အပူဇော်ခံ ပွဲ၊ သျှင်ဦးပဂုတ်ဖောင်တော်ရီမျှောပွဲပူဇောပွဲများဖြင့် ကျင်းပပူဇော်ကြသည်။ တခါ ပွဲစဉ်တလျှောက်လုံးတွင် ရက္ခဝံသရခိုင်စည်တော်ဖြင့် ဓမ္မပူဇာတီးခတ်ပူးသိမ့်သည်။ ရက္ခဝံသစည်တော်အဖွဲ့သည် ရောင်တော်ဖွင့်ဗုဒ္ဓသာနာ့ဝေယျာဝစ္စအဖွဲ့၏လက်တက် တခုဖြစ်သည်။

..................................................................................
မှတ်ချက်။ ။ရောင်တော်ဖွင့်ဗုဒ္ဓသာသနာဝေယျာဝစ္စအဖွဲ့ ကျောက်ဖြူမြို့မှ သာသနာ ၂၅၄၆၊ ကောဇာ ၁၃၆၄၊ ခရစ် ၂၀၀၂ ခုနှစ်တွင် ရေးသားပူဇော်သော လက်ကမ်းစာစောင်ကိုပြန်လို့ဖော်ပြလိုက်ပါသည်။

todayarakan ကကူးယူခရေ။

ဆက်ဖတ်ပါနှ~~

Tuesday, March 30, 2010

ချစ်သူအတွက်

ၾကယ္တိကၾကြီက်ပနာ
အမှောင်တိပိတ်ဆို့နိန်ရေညည့်နက်ထဲမှာ
မင်းနန့် တပြည်တရွာဝီးကွာနိန်ရေငါစွာ
တယောက်တည်းထိုင်ပနာ
မင်းအလှနန့် မင်းအပြုံးချေတိကို
ငါပြန်လည်တမ်းတယင်း
လွမ်းဆွေးနိန်ရရေ ချစ်သူ။

တိတ်တခိုးနန့် ချစ်နိန်ရရေငါ့ဘဝမှာ
မင်းကိုချစ်တေဆိုရေစကားကိုလည်း
ဖွင့်ပြောဖို့အင်အားမဟိစွာ
အမှန်ပါရာချစ်သူ။


ဖြစ်နိုင်ဖို့ဆိုကေ
ဒေတိတ်တခိုးဆိုရေ တောင်ကိုကျော်ပနာ
ငါ့ရင်ထဲက အလှပဆုံးစကားချေတခွန်းကို
မင်းကိုဖွင့်ပြောပြချင်ရေ ချစ်သူ။

အသွင်မတူညီရေ ဘဝချေတခုကြောင့်
မင်းနန့်ထာဝရ ဝီးရဖို့လားချစ်သူ။

ဘဇောင်ပိုင်ချောင်ပင်ဖြစ်ဖြစ်
မင်းနန့်အယင်ဆုံးတွိ့ဆုံရဖို့အတွက်
အရာအားလုံးကိုရင်ဆိုင်ပနာ
ပြဿနာဟူသမျှကိုကျော်လွှားလို့
မင်းဟိရေနိန်ရာကို
ငါလာလတ်မေ ချစ်သူ။

......................
၃၀-၀၃-၂၀၁၀
၂၂း၁၂ pm

ဆက်ဖတ်ပါနှ~~

Wednesday, March 3, 2010

အကြင်နာ ချစ်သူအတွက်

ချစ်သူ..
သံယောဇဉ်ဆိုစွာက
သနားညှာတာ
ထောက်ထားစာနာမှုကအစ
ကူညီတတ်မှုစေတနာ
ဖြူစင်မှုတိကအဆုံး
အမြဲတမ်း ရင်မှာပွင့်လန်း
ရှင်သန်စီရေလတ်။
ချစ်သူ...
တနိန်ရာတည်းမှာ
တတူတူ ဟိနိန်ကတ်တေအချိန်မှာ
မြတ်နိုးမှု တွယ်တာမှုတိနန့်
နားလည်ခွင့်လွှတ်နိုင်မှုချေတိကို
မျှဝီခံစားယင်းနန့်
ကြမ်းတမ်းခက်ထန်
လောကဓံတိကိုရင်လို့
ငတ်ငတ်မွတ်မွတ် ခါးစည်းခံပနာ
အနာဂတ်အတွက်
အလှဆုံးအိပ်မက်ချေတိကိုမက်ယင်း
တွဲလက်မခွဲဘဲ
အမြဲတမ်းချစ်လားကတ်ဖို့နှ။

..................
၃-၃-၂၀၁၀
ကျောက်ဖြူ-ရင်သွီးချေ

ဆက်ဖတ်ပါနှ~~

Saturday, February 27, 2010

အဆိပ်လူးမြားတစင်း

တဘဝမှာ တခါအဖြစ်နန့်
တပွင့်တည်းသောပန်းချေကိုရာ
မြတ်မြတ်နိုးနိုးနန့် ချစ်ခကေလေ့
သာယာလှပရေ အချစ်လမ်းချေတခုကို
ငါမလျှောက်လှမ်းဖူးခပါ။

ငါကမင်းကို
အသက်ထက်ချစ်တေ
မင်းကလည်း ငါ့ကို
အသက်ထက်ချစ်တေလို့
မင်းပြောခရေစကားတိက
အဂုအချိန်မှာ
ဇာကိုပျောက်လို့
ဇာကိုရွှင့်လားခယာရောင်။

တချိန်တုန်းက
“မင်းကို အကယောင်ချစ်တေ
တဘဝလုံးအတွက်ပါ” လို့
မင်းပြောခရေ စကားတိကို
ကယောင်းလို့ထင်ခရေ။

တရက်နိန့်က မထင်မှတ်ဘဲ
“မင်းကို ငါစိတ်ကူးချေတောင်မှ
မယဉ်ဖူးခ၊ မင်း ငါ့ကိုစိတ်ကူးမယဉ်ပါကေ့” လို့
မင်းပြောလာရေ စကားတခွန်းက
အဟုန်ပြင်းပြင်းနန့် ပစ်ထည့်လိုက်တေ
အဆိပ်လူးမြားတစင်းပိုင်
ငါ့ရင်ကို ဖောက်ထွင်းလို့
ငါ့မျှော်လင့်ချက်တိနန့်
ငါ့နှလုံးသားတိကို
တစစီဖျက်ဆီးပစ်လိုက်တေ။

ငါ နားလည်ပါယာ ချစ်သူ..
လမ်းဘေးမှာကြွီကျနိန်ရေ
ချရပွင့်ပန်းချေနန့်တူရေ ငါ့ဘဝနန့်
ပင်ယံထက်မှာ တင့်တယ်နိန်ရေ
မင်းဂေါင်းမှာ ပန်းဆင်ဖို့
ဘဇောင်ပိုင်ချောင်ဖြစ်နိုင်ပါဖို့ရောင်။

ယကေလေ့ချစ်သူ
ခြောက်သွိ့လားကေလည်း
မွီးရနံ့တိပျောက်ပျက်မလားရေ
ချရပွင့်ချေတပွင့်ပိုင်
မင်းအပေါ်မှာ မပြောင်းလဲရေ
ငါ့၏အချစ်စစ် အချစ်မှန်
ရနံ့ချေတိက
အမြဲတမ်း ကြိုင်သင်းနိန်မြဲဆိုစွာကို
မင်းတယောက်
အကြွင်းမဲ့ ယုံလိုက်ပါ။
...................
ကျောက်ဖြူ-ရင်သွီးချေ
၂၈-၂-၂၀၁၀

ဆက်ဖတ်ပါနှ~~

Monday, February 22, 2010

ပီးသူမေတ္တာ ချစ်သူယူပါ



ကျေးဇူးတင်ပါရေ

ဆက်ဖတ်ပါနှ~~

Tuesday, February 16, 2010

ဘဝဆိုစွာ အေစွာလား

ဘဝမှာ
ပျော်ရွှင်မှုတိနန့်ပြည့်နိန်ရေခါ
အနားမှာထိုင်ပနာ
အပြုံးတိနန့်အားပီးဖော်ရရေလူကိုထက်
ကိုယ့်ဘဝ၏ စိတ်ဖိစီးမှုတိ
ကိုယ့်ဘဝ၏ မွန်းကျပ်နိန်ရေအခါတိမှာ
ကိုယ်ပြောချင်ရေစကားတိ
နားထောင်ပီးနိုင်ရေလူက
လူတယောက်ဘဝအတွက်
မိတ်ကောင်းဆွီမွန်
အဖော်မွန်ပါ...။

ဘဝဆိုစွာက
သာယာလှပစွာနန့်
တသွင်သွင်စီးကျနိန်ရေ
စမ်းချောင်းချေတခုပိုင်မဟုတ်ရေပိုင်
သာယာချောမွိ့နိန်ရေ
ပန်းခင်းလမ်းတခုလည်း မဟုတ်ပါ..။

ဘဝဆိုစွာက
ကမ်းမမြင်ရေ သမုဒ်ပြင်ကျယ်ထဲမှာ
ကြမ်းတမ်းခက်ထန်ရေ
လီကြမ်းမုန်းတိုင်းတိကို
ရင်ဆိုင် ဖြတ်သန်းယင်းနန့်
ခရီးနှင်နိန်ရေ
အဖော်ကွဲဇင်ယော်ချေပိုင်ရာ..။

ဘဝမှာ
ဖြစ်ချင်ရေဆိုစွာထက်
ဖြစ်သင့်စွာကိုရာ
ဦးစားပီးနိန်ကတ်ရရေဆိုကေလေ့
ငါ ကြိုးစားသမျှ ဖွဲရီကျပိုင်
မျောချင်စွာကိုမျောလားခရေ
အဖြစ်တိက
ငါ့ဘဝအတွက်
ဖြစ်သင့်စွာရာလား..။
......................
၁၆-၀၂-၂၀၁၀
၂၂း၀၉ ပီအမ်

ဆက်ဖတ်ပါနှ~~

Saturday, February 13, 2010

မင်းသိပါစီ

ဥသြတွန်ကျူး နွီးလီရူးမှာ
တယောက်တည်းထိုင် ငေးမှိုင်မှိုင်နန့်
မင်းလာရာလမ်း ငါမျှောမှန်ယင်း
မင်းပြောဖို့စကား ငါစောင့်စားယင်း
အချိန်ကာလ ကြာခယာ...။

တနှစ်လွန်မြောက် နှစ်နှစ်ရောက်လည်း
စိမ်းကားလားသူ မင်းအတွက်မူကား
သတိရစရာ လွမ်းစရာတိ
ရင်ထဲမဟိ အီးတိတိရာ...။

အချစ်ကြီးသူ ငါ့အတွက်မူကား
အလွမ်းဒဏ်ရာ ဝေဒနာကို
ရင်မှာပွေ့ပိုက် အချစ်စစ်ဖြင့်
နိန့်စဉ်ရက်ဆက် လွမ်းရက်ဆက်လို့
ကာလကြာရှည် လွမ်းရက်ရှည်တိ
မဆုံးနိုင်ပါ ဆက်လက်ကာဖြင့်
လွမ်းနိန်အမြဲ ကျွမ်းအသဲနန့်
သတိရမြဲ တမ်းတဆဲဖြင့်
မဆုံကေလေ့ ချစ်နိန်ဆဲပါ
စိမ်းကားသူမင်း သိပါစီ...။
................
ကျောက်ဖြူ-ရင်သွီးချေ
၁၄-၀၂-၂၀၁၀

ဆက်ဖတ်ပါနှ~~

About This Blog

ကျောက်ဖြူမြို့ကို သတိရရေအခါတိုင်းမှာ အလွမ်းပြေအဖြစ် စာချေယက်ချေ ရွီးဖို့လို့ ရည်ရွယ်ချက်နန့် အေဘလော့ချေကို လုပ်ထားခြင်းဖြစ်ပါရေ။


ကျောက်ဖြူ-ရင်သွီးချေ

ဘလော့ကို ရောက်လာကတ်တေ ညီအစ်ကို မောင်နှမတိကို ကျောက်ဖြူ-ရင်သွီးချေ အနီနန့် အထူးကျေးဇူးတင်ပါကြောင်း ~~~~ လေးစားစွာဖြင့် ကျောက်ဖြူ-ရင်သွီးချေ

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP