~~~ရီညိုရစ်ဝန်း သန္တာကျွန်း အလှသရဖူ မြို့ကျောက်ဖြူ နတ်ရွာသဖွယ် ကျောက်ဖြူမြီ~~~မှလှိုက်လှိုက်လှဲလှဲနန့်ကြိုဆိုပါရေ။
ရင်သွီးချေ ဘလော့ကိုရောက်လာ များသူငါ ကျန်းမာကိုယ်စိတ် မြဲပါစီ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝီး ငြိမ်းအီးကတ်ပါစီ။

Monday, January 25, 2010

အလွမ်းညည့်

လရောင်မမြင်
ကြယ်ရောင်မဟိရေ
ညည့်နက်ထဲမှာ
ပိုးစုန်းကြူးချေတိကို
အဖော်ပြုလို့
မင်းအလာကို
မျှော်နိန်မိရေ
ချစ်သူ။

မတူညီရေ မျိုင်းပြိုင်နှစ်ခုကို
တထပ်တည်းဖြစ်ယောင်ဆွဲလို့
မဖြစ်နိုင်မှန်းကို
ငါ့...
ကြိုတင်လို့သိခပါရေ
ချစ်သူ။

ယကေလေ့
အိပ်စက်နိန်ရေ
ငါ့နှလုံးသားတိက
မင်းနန့်ကျမှရာနိုးထလာခလို့
တသက်မှာ တယောက်တည်းကိုရာ
ချစ်မိခရေ ငါ့အတွက်
မင်းကို မိန့်ပစ်ဖို့က
မဖြစ်နိုင်လို့ပါရာ
ချစ်သူ။

ငါ့ဘဝထဲက
မင်းတယောက်
အပြီးပိုင်ထွက်လားခယာဆိုစွာကို
ငါ သိနိန်ကေလေ့
မိန့်ဖျောက်လို့မရရေ
ငါ့ စိတ်တိက
မင်းဘားမှာရာဟိပါရေ
ချစ်သူ။

ဘဇောင်ပိုင်ချောင်ဖြစ်ဖြစ်
ချစ်သူ........
မဖြစ်နိုင်ရေဘဝမှာ
အတိတ်က ရက်ရာဇာနိန့်ရက်တိကို
တမ်းတယင်းနန့်ရာ
အလွမ်းညည့် ခရီးရှည်ကြီးကို
ဆက်လို့ဖြတ်သန်းနိန်ရဖို့စွာရာ.....။
....................
ကျောက်ဖြူ- ရင်သွီးချေ
၂၅-၀၁-၂၀၁၀

0 မှတ်ချက်:

About This Blog

ကျောက်ဖြူမြို့ကို သတိရရေအခါတိုင်းမှာ အလွမ်းပြေအဖြစ် စာချေယက်ချေ ရွီးဖို့လို့ ရည်ရွယ်ချက်နန့် အေဘလော့ချေကို လုပ်ထားခြင်းဖြစ်ပါရေ။


ကျောက်ဖြူ-ရင်သွီးချေ

ဘလော့ကို ရောက်လာကတ်တေ ညီအစ်ကို မောင်နှမတိကို ကျောက်ဖြူ-ရင်သွီးချေ အနီနန့် အထူးကျေးဇူးတင်ပါကြောင်း ~~~~ လေးစားစွာဖြင့် ကျောက်ဖြူ-ရင်သွီးချေ

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP