~~~ရီညိုရစ်ဝန်း သန္တာကျွန်း အလှသရဖူ မြို့ကျောက်ဖြူ နတ်ရွာသဖွယ် ကျောက်ဖြူမြီ~~~မှလှိုက်လှိုက်လှဲလှဲနန့်ကြိုဆိုပါရေ။
ရင်သွီးချေ ဘလော့ကိုရောက်လာ များသူငါ ကျန်းမာကိုယ်စိတ် မြဲပါစီ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝီး ငြိမ်းအီးကတ်ပါစီ။

Wednesday, December 23, 2009

အဆင်ပြေပါရေ

ချစ်ခမိစွာ
အစစ်အမှန်ဖြစ်လို့
ဖြစ်ခသမျှအတွက်
အပြစ်ဖွဲ့စရာလို့လည်း
ငါမတွေးပါ ချစ်သူ။

ကြုံဆုံခစွာ
အိပ်မက်တခုမဟုတ်ခလို့
ခံစားရစွာတိက
လီတိုက်ရုံနန့် ရွင့်ပျောက်မလားနိုင်ပါ
ချစ်သူ။

အချိန်ကာလကြားမှာ
နီသားကျအောင်နီထိုင်ယင်း
နင်မဟိကေလေ့
ငါ...
အဆင်ပြေပါရေ ။

ချန်ထားခစွာလား
ကျန်နီခစွာလား
ဝိုးတ၀ါးနနန့်ပါရာ။

လမ်းခွဲခစွာမဟုတ်ကေလေ့
နင် နန့် ငါ
လမ်းကွဲခစွာတော့ခါ
သေချာရေ ။

ပြန်ပျင်လို့ကိုမှ မရမှတော့ခါ
အတိတ်ဆိုစွာ တွေးတွေးပနာ
ငါနောင်တမရပါ။

ဒေအချိန်မှာ
တစ်ယောက်တည်းဆိုကေလေ့
ငါ....
အဆင်ပြေပါရေ။

ငါ မဝါပါ
တိုင်တည်စရာလူမဟိ
ခိုလှုံစရာရင်ခွင်မဟိလို့
တခါတခါ
အထီးကျန်ဆန်ကေလေ့
ပြန်ဆုံခွင့်ကိုတောခါ့
ယောင်ယမ်းပြီးမှတောင်
ငါမတမ်းတပါ။

မှန်ရေထင်လို့
လျှောက်ခပြီးမှတော့ခါ
ငါ့ကိုပြန်လှည့် မကြည့်ကေ့။

နင်တန်ဖိုးမထားခရေအရာတိက
အမှတ်တရပေါင်းစုံနန့်
တစ်ဘဝလုံး သတိရဖို့
ငါ့အတွက်တော့ခါ
လုံလောက်ပါရေ။

ငါ့ဘေးမှာ
နင် မဟိတာကလွဲလို့
ပတ်သက်ခသမျှတိက
ဇာ အချိန်ဖြစ်ဖြစ်
အယင်ကပိုင် နွီးထွီးဆဲဖြစ်လို့
အသည်းကွဲခကေလေ့
ငါ....
အဆင်ပြေပါရေ။

မျှော်လင့်စွာက
နင် နန့် အ၀ီးပါ
နင့် ကြောင့်
ငါ့နှလုံးသားကအချစ်ကို
ရောဂါတစ်ခုပိုင်
ထာဝရကြောက်နီရေ..။
...................
ကျေးဇူးတင်ပါရေ။
ရင်သွီးချေ


0 မှတ်ချက်:

About This Blog

ကျောက်ဖြူမြို့ကို သတိရရေအခါတိုင်းမှာ အလွမ်းပြေအဖြစ် စာချေယက်ချေ ရွီးဖို့လို့ ရည်ရွယ်ချက်နန့် အေဘလော့ချေကို လုပ်ထားခြင်းဖြစ်ပါရေ။


ကျောက်ဖြူ-ရင်သွီးချေ

ဘလော့ကို ရောက်လာကတ်တေ ညီအစ်ကို မောင်နှမတိကို ကျောက်ဖြူ-ရင်သွီးချေ အနီနန့် အထူးကျေးဇူးတင်ပါကြောင်း ~~~~ လေးစားစွာဖြင့် ကျောက်ဖြူ-ရင်သွီးချေ

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP